Alpha-8(U+Z)

2.6K 377 31
                                    

...
...

•ဘယ်တွေကိုဘယ်လိုသ‌ဘောနဲ့ကြည့်‌နေတာလဲ•

ဂျီမင်းအိမ်ပြန်ရောက်တဲ့အခါမှာ ဧည့်ခန်းထဲမှာအမေ့ကို‌တွေ့လိုက်ရတယ်၊သူဝမ်းသာစွာနဲ့ဘဲ နှုတ်ဆတ်ဖို့ပြင်ရလိုက်သည်။သူနဲ့အမေကဒီလိုတွေ့ဆုံဖို့အရမ်းကိုရှားတယ်။

" မား! ကျနော်ပြန်...အာ ဦးလေးကင် " သူအခုမှသေချာတွေ့လိုက်ရတာ သူတို့အိမ်မှာဦးလေးကင်ပါရောက်နေတယ်ဆိုတာဘဲ။မားအခုတလော တွေ့နေတဲ့လူ၊သူနဲ့ဒီလူ‌တွေ့တာနှစ်ကြိမ်မြောက်ဘဲ။

" သား လာ၊ဒီကို "

" ဟုတ်ကဲ့ " သူဘယ်လောက်ဘဲမနှစ်သက်ပါစေဦးတော့၊လူမှုရေးတော့ရှိရမည်။အထူးသဖြင့်မားရဲ့ပျိုးထောင်မှူပေါ်အထင်မသေးစေချင်ဘူး ကျောင်းမှာဘယ်လောက်ဘဲဆိုးဆိုး။

" ဂျီမင်းအကြောင်းကိုတော့ ဦးလေးမင်းမားမားဆီကအများကြီးကြားထားပါတယ် "

ဂျီမင်းခေါင်းသာငြိမ်ပြပြီး ငြိမ်ငြိမ်ထိုင်နေလိုက်တယ်။သူ့ရှေ့ကလူဟာ တည်ကြည်တဲ့မျက်နှာရှိပြီးလူကောင်းတစ်ယောက်ဆိုတာကပေါ်လွင်နေပြီးဖော်ဖော်ရွေရွေဘဲ။

" ကျနော် ဒီပိတ်ရက်အပြင်သွားမှာ "
အခုတစ်ခေါက်ပေးတွေ့တာဟာသူနဲ့စိမ်းမနေအောင်စကားပြောစေချင်လို့ဘဲ၊နောက်ရက်တွေကျရင်သူ့သဘောကိုမေးစမ်းကြည့်လာတော့မှာ အဲ့ချိန်ကျရင်သူမှာငြင်းဖို့အကြောင်းပြချက်လည်းမရှိဘူးလက်ခံဖို့လည်းမလုပ်နိုင်ဘူး။ကြိုတင်ရှောင်ရှားလိုက်တာဟာအကောင်းဆုံးဘဲ။

" မားကမင်းကို‌ပြောစရာရှိနေတာ၊နောက်မှအချိန်ယူပြီးပြောကြတာပေါ့နော် ဟုတ်ပြီလား။သားသွားမယ့်ချိန်ကျမားကိုပြော အရံဟင်းတွေထည့်ပေးလိုက်မယ်။ " သူကအမြဲတမ်း ပိတ်ရက်တွေကျအိမ်မှာမနေချင်ရင်လဲ့ဟွာတို့ယူဂယောင်းတို့အိမ်သွားနေကျဘဲ။မားကလည်း အမြဲမုန့်တစ်ခုခုအရံဟင်းတွေထည့်ပေးနေကြသူတို့သုံးယောက်လုံးမိသားစုတွေကအချင်းချင်းသိတာသူတို့တစ်သက်ပေမို့ကိုယ့်အိမ်ကိုယ်ယာလိုပါဘဲ။

" ယူဂယောင်း မင်းပိတ်ရက်အိမ်မှာဘဲလား "

" နိုး သားလေး,ဖေကြီး ခရီးတိုသွားစရာရှိတယ် "

" AA Relationship @AOB "Where stories live. Discover now