Alpha-24(U+Z)🚨

5.1K 396 27
                                    

•အဖိုးတန်ချစ်ဇနီး‌လေးမလို့‌လေ•

" မင်းတို့နှစ်ယောက်ကကြာလိုက်တာကွာ...ငါတို့ပြန်များသွားကြပြီလားလို့။ "

" ငါတို့...နည်းနည်း အဆော့လွန်သွားလို့။ "

ဂျောင်ဂု အနည်းငယ်ပေါက်ပြဲသွားတဲ့နှုတ်ခမ်းထောင့်နားကိုလျှာနဲ့သပ်လိုက်မိသည်။သူ့ကလေးလေးက အလန့်တကြားနဲ့ကိုက်လိုက်တဲ့အရာလေး။

" မင်းတို့နှစ်ယောက်ရောတွေ့လိုက်လား ဟိုကောင်းကင်ပေါ်မှာပျံနေတဲ့ပိုစတာကြီးကို။ "

" အဲ့ဒီ့alphaကဘယ်လိုလိုဘဲဖြစ်ဖြစ် ငါလိုချင်တဲ့Typeဘဲ။ဂရုတစိုက်ရှိပြီး နူးညံ့ကြင်နာတတ်တာမျိုးလေးလို့ထင်ကြတယ်မလား တစ်ချိန်တည်းမှာဘဲဆွဲဆောင်မှုလည်းရှိပြီးလေ။ "

" အဲ့လို ယောကျာ်းမျိုးကဘယ်မှာရှိလို့လဲ ဒီတိုင်းနတ်ဘုရားတစ်‌ယောက်ကိုလက်ထက်ချင်ပါတယ်‌ပြောလိုက်‌တော့။ "

" ငါတို့အတန်းခေါင်း‌ဆောင်ကအဲ့လိုပုံစံမျိုးဘဲမဟုတ်ဘူးလား သူ့နာမည်ပြောင်ကတောင်ကျောင်းရဲ့နတ်ဘုရားလေးပါဆို။ "

တစ်ယောက်ကဝင်ထောက်ခံလိုက်တဲ့အခါ စောနကပြောနေတဲ့omegaလေးကရှက်ဟန်ပြပြီး အတန်းခေါင်းဆောင်အားမခို့တရို့လေးကြည့်သည်။

ဂျောင်ဂု ကိုယ့်နှုတ်ခမ်းကိုကိုယ်ကိုက်ကာထိုအခိုက်အတန့်လေးအားတစိမ့်စိမ့်တွေးရင်း ပြုံးစစလေးဖြစ်နေတော့၏ ။သူ့ပုံစံက အနည်းငယ်ရှက်သယောင်လေးရောနေပေမယ့်ပျော်နေတဲ့ပုံ ဒီလိုပုံစံလေးကိုဘယ်တစ်ယောက်ကများတောင့်ခံနိုင်မလည်းလေ။

" သူကငါအကြိုက်ပုံစံလေးလို့ငါလဲထင်ပါတယ်။ "

ဂျီမင်း ထိုတစ်ယောက်အားဂရု‌တောင်စိုက်မနေ၊ခေါင်းတငြိမ့်ငြမ့်နဲ့တွေးမိလိုက်တာက'တူတူဘဲ သူလည်းငါ့အကြိုက်လေး‌လေ'

ညနေခင်း နေဝင်ချိန်မှ‌ရောက်ပြီးဖြစ်တာ‌ကြောင့်သူတို့လမ်း‌လျှောက်ပြီး အတန်းဖော်တစ်ယောက်ညွှန်းတဲ့ကာရာအိုကေဆိုင်ကိုသွားဖို့စီစဉ်လိုက်‌တော့သည်။‌ကောင်းကင်ပုဇွန်ဆီရောင်သန်းလို့နေကာ လေတဖြူးဖြူးနဲ့အချိန်ကောင်းလေးပိုင်ဆိုင်ထားတာ‌ကြောငါ့ သူတို့3မိုင်လောက်လမ်းလျှောက်ခဲ့ရတာတောင်သတိမထားမိတော့။

" AA Relationship @AOB "Where stories live. Discover now