104

10.4K 1.6K 104
                                    

{Unicode}

"လွတ်လပ်မှုဆီသို့ တစ်ခါတစ်ခေါက်"

အတွင်းရေးမှူးသည် ယဲ့ထင်အား Wechat မှ စာတိုသုံးစောင် ပို့ခဲ့သည့်တိုင် ယဲ့ထင်က ပြန်လည် ဖြေကြားလာခြင်း မရှိပေ။

ယဲ့ထင်၏ အလုပ်ဖုန်းကို ဆက်သည့်အခါတွင်လည်း ယဲ့ထင်က ဖုန်းမကိုင်ခဲ့။

အတွင်းရေးမှူးသည် ယဲ့ထင် စစ်ဆေးပေးရန် လိုအပ်နေသော လက်ထဲမှ စာရွက်စာတမ်းများကို ကြည့်လိုက်ရင်း ချက်ချင်းအလျင်း အခက်တွေ့သွားရသည်။ ကူကယ်ရာမဲ့နေသည့် နောက်ဆုံးမှာတော့ တွန့်ဆုတ် တွန့်ဆုတ်နှင့် ယဲ့ထင်၏ ကိုယ်ရေးကိုယ်တာ ဖုန်းနံပါတ်ကိုသာ ဆက်သွယ်လိုက်ရတော့သည်။

ဖုန်းလိုင်းသည် ဆယ်ကြိမ်နီးပါး မြည်ဟီးပြီး နောက်ဆုံးမှ ချိတ်ဆက်သွားသည်။

ယဲ့ထင် ဖုန်းလက်ခံ ဖြေကြားချိန်တွင် ကုပ်ပိုး၌ နီနီရဲရဲ ကုတ်ခြစ်ရာများ ရှိနေပြီး နဖူးထက်၌ ချွေးစို့နေကာ အသက်ရှူသံမှာလည်း မူမမှန်ခဲ့။

အတွင်းရေးမှူးက ကတုန်ကယင် ကြောက်ကြောက်ရွံ့ရွံ့နှင့်

"ဥက္ကဌယဲ့၊ ဆရာ ဘယ်အချိန် လာမှာလဲရှင့်။ ဒီမှာ ဆရာ ကြည့်ပေးရမယ့် စာရွက်စာတမ်း လေးငါးရွက်လောက် ရှိနေလို့ပါ"

ယဲ့ထင်က အသက်ပြင်းပြင်း ရှူနေပြီး သူ့အား ပြုံးစစနှင့် ကြည့်နေသော ရန်ကျားလိကို ကြည့်ကာ နှုတ်ခမ်းစွန်းက အနည်းငယ် ကွေးတက်သွားပြီး

"ဒီနေ့ မလာတော့ဘူး"

အတွင်းရေးမှူး : "အာ?"

ယဲ့ထင်၏ လက်ချောင်းများက ရန်ကျားလိ၏ မေးစေ့ကို ဖစ်ညှစ်ထားသော်လည်း စကားအရာတွင်တော့ တည်ငြိမ် လေးနက်နေကာ

"စာရွက်စာတမ်းကို မနက်ဖြန်မှ ငါကြည့်လိုက်မယ်။ အစည်းအဝေးကို ဒုဥက္ကဌရန် အစားတက်ပေးလိမ့်မယ်။ ညစာစားပွဲတွေကိုတော့ ခဏလောက် ရွေ့ထား၊ အဲ့လိုပဲ လုပ်လိုက်။ ဒီနေ့ ကိစ္စ ကြီးကြီးမားမား မရှိရင်၊ ငါ့ကို ခေါ်မနေနဲ့တော့။ ငါ အလုပ်ပိတ်တယ်"

သူသည် ကျွမ်းကျင် လိမ္မာစွာနှင့် ဖုန်းချလိုက်ပြီး ဖုန်းကို ကြမ်းပြင်ပေါ်သို့ ဖြစ်သလို လွှင့်ပစ်လိုက်သည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now