(၂)

80 7 0
                                    

[ Unicode ]

ဒုတိယတနာရီ

"ကျွန်တော်တို့ ဒီထဲမှာ ဘယ်လောက်ကြာကြာပိတ်မိနေမယ်လို့ ခင်ဗျားထင်လဲ"

သူက ကျွန်တော့်ကို သူ့ရဲ့ အနက်ရောင်ဆံခွေတွေကြားကနေ မျက်လုံးပင့်ကြည့်တယ်။ သူ့ခြေထောက်တွေကို တချက်တချက် ဆန့်ထုတ်နေပေမဲ့ ခြေဆန့်ထားဖို့ နေရာက သိပ်မရှိလှဘူး။

"ငါ မပြောတတ်ဘူး"

ကျွန်တော် စီးကရက်ရင့်ထလာခဲ့တာ အလူးအလဲပါဗျာ။ အိတ်ကပ်ထဲမှာ စီးကရက်စမ်းမိတော့ အူယားဖားယား ယူဖွာလိုက်ချင်စိတ်ပေါက်နေတော့တာ။ မျက်လုံးတွေကို တင်းတင်းမှိတ်ပြီး ကျွန်တော့်ကို တတိတိလှိုက်စားနေတဲ့ခံစားချက်ကို လိမ်ပိန်ခံဖို့ ကြိုးစားရတယ်။

ဒါပေမဲ့ ကျွန်တော် ဆေးလိပ်သောက်ချင်နေတာကတော့ ရူးရူးမူးမူး။ ကျွန်တော့်ကိုယ်ထဲမှာ ထုံတေတေဝေဒနာက စက္ကန့်နဲ့အမျှ အားကြီးလာတယ်။

မီးမညှိဘဲ ပါးစပ်ထဲ တလိပ်လောက် ခဲထားရုံလောက်ဆိုရင် ဒီခံစားချက် ပျောက်သွားမလားဘဲ။

အဲ့ဒီခံစားချက်က ကျွန်တော့်ကိုယ်ထဲကနေလာတဲ့ မွတ်သိပ်မှုတမျိုးခင်ဗျ။ သဘာဝအလျောက်ဖြစ်တဲ့ ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုတခု။ ဆေးလိပ်သောက်တာက အစားစားတာလိုပဲ။ ကျွန်တော် လုပ်မှရမယ့်အလုပ်တခု။

ဒီလိုနဲ့ ဆေးလိပ်မသောက်ရလို့ အခု ကျွန်တော်ရလာတဲ့ စိုးရိမ်ကြောင့်ကြက ရယ်စရာအကောင်းသား။ အလုပ်အင်တာဗျူးဝင်ဖြေရတော့မလို ခံစားချက်မျိုးရနေတယ်။

ကျွန်တော်ထွက်မလာခင် စီးကရက်တလိပ် သောက်ခဲ့သင့်မှန်း ကျွန်တော် သိပါရဲ့။

ကျွန်တော် တုန်ချည့်တုန်ချည့်နဲ့ အိတ်ကပ်ထဲလက်နှိုက်ယူပြီး ဘူးထဲကနေ စီးကရက်တလိပ် ဆွဲထုတ်လိုက်တယ်။ တန်နာ့အကြည့်တွေက တချိန်လုံး ကျွန်တော့်အပေါ်မှာ။

စီးကရက်ကို နှုတ်ခမ်းပေါ်တင်လိုက်ကာရှိသေး ကျွန်တော် နေလို့ အများကြီး ပိုကောင်းလာတယ်။ စိတ်အေးသွားလုနီးနီးပဲ။ ကျွန်တော် မသောက်နိုင်တာတောင် ပါးစပ်ထဲထည့်ထားရတာနဲ့တင် ကောင်းနေပြီ။ ခင်ဗျား အဆာပြေအောင် ပီကေဝါးသလိုမျိုးပဲ။

ထွက်သက် တွယ်ငွေ့  [ ဘာသာပြန် ]Where stories live. Discover now