(၃)

41 2 0
                                    

[ Unicode ]

တတိယတနာရီ

အဲ့ဒီဂျာကင်ကို ကိုယ်နဲ့ဖိကပ်ပြီး သူ ကိုင်ထားတဲ့မြင်ကွင်းကကျွန်တော့်ကို နောက်ထပ် မှတ်ဉာဏ်တခုထဲ တွန်းပို့လိုက်တယ်။ အမှတ်တကယ်ဖြစ်ပျက်ခဲ့တာကလွဲ့လို့ အဲ့ဒီမှတ်ဉာဏ်တွေဟာ နေ့ခင်းဘက်မက်တဲ့ အိပ်မက်ဆိုးတွေနဲ့ တူတယ်။ ဒါကြောင့်လဲ ရင်ဆိုင်ရအခက်ခဲဆုံး ဖြစ်နေတာ။

ကျွန်တော့်အတိုင်ပင်ခံ အကြံပေးက ကျွန်တော့်ကို အထူးကု ကုထုံးဆရာနဲ့ပဲဖြစ်ဖြစ် ဆရာဝန်နဲ့ပဲဖြစ်ဖြစ် ပြသပြီး စိတ်ကျရောဂါပျောက်ဆေးသောက်ဖို့ ပြောခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်က စိတ်ဓာတ်ကျနေတာမှမဟုတ်ဘဲ။ ကိုယ့်ဘဝကိုကိုယ် အဆုံးစီရင်ပစ်မယ့် လူမျိုးကို ကျွန်တော် လုံးဝ နားမလည်နိုင်ခဲ့ဘူး။ လူတယောက်လုပ်နိုင်သမျှထဲမှာ တကိုယ်ကောင်းအဆန်ဆုံးကိစ္စလို့ ထင်ခဲ့တာ။ ကိုယ့်ဘဝကိုကိုယ် အဆုံးစီရင်ပစ်မယ့် ကျွန်တော့်အလှည့်မတိုင်မီအထိပေါ့။ ဒီလိုလုပ်တာ တကိုယ်ကောင်းဆန်တာ မဟုတ်ရပါဘူး။ ကျွန်တော့်မှာ နောက်ဆံငင်စရာလူတယောက်မှ မှ မကျန်တာ။ ကျွန်တော် ကျွန်တော့်မိသားစုကို ဖျက်ဆီးလိုက်ပြီလေ။ သူတို့ ကျွန်တော့်ကို မလိုချင်ကြတော့ဘူး။

အသုဘဝတ်စုံနဲ့ မှန်ထဲက ကိုယ့်ကိုကိုယ် ကျွန်တော် ငေးစိုက်ကြည့်နေခဲ့တယ်။ ကျွန်တော့်မျက်လုံးတွေနဲ့ နှာထိပ်ဖျားက ငိုထားလို့ ရဲနေတုန်းပဲ။ ကျွန်တော့်အပေါ်ဝတ်အင်္ကျီလက်ပေါ်မှာ အကွက်လိုက် စိုနေတယ်။

ကျွန်တော် ဒီမှာ ရှိမနေချင်ဘူး။ လင်းကိုသိတယ်လို့ ဟန်ဆောင်နေကြတဲ့ ဒီလူတွေအားလုံး လင်းကို တကယ် မသိကြပါဘူး။ အိပ်ရာအောက်ကနေ မကောင်းဆိုးဝါးကောင်တွေ ထွက်လာမှာကို လင်းကြောက်နေတုန်းက သူတို့ ရှိမနေခဲ့ကြဘူး။ လင်း စက်ဘီစီးသင်တုန်းက ရေမြောင်းထဲပြုတ်ကျပြီး လက်ကျိုးသွားတုန်းကလည်း သူတို့ ရှိမနေခဲ့ကြဘူး။ လင်းက သူ့လက်ကျိုးသွားတာကိုတောင် ဂရုမစိုက်ခဲ့ပါဘူး။ လမ်းပေါ်တက်ပြီး ကိုယ့်ဘာသာကိုယ် တယောက်တည်း စက်ဘီးစီးနိုင်ခဲ့ပြီဆိုပြီး အပျော်လွန်နေခဲ့တာဆိုတာလေ။ လင်းက အဲ့လိုလေးဗျ။

ထွက်သက် တွယ်ငွေ့  [ ဘာသာပြန် ]Where stories live. Discover now