Pa Pa's boy : 2

574 54 1
                                    

လွန်ခဲ့သော ၁၂ နှစ်ခန့်ဆီက ၂၂နှစ်အရွယ် ကောင်ငယ်လေး "မင်ယူန်းဂီ"။

ထိုအချိန်က 'မင်'ဟာ ဘွဲ့ရပြီးကာစ လူငယ်လေးတစ်ယောက်။
မင်အိမ်တော်ရဲ့ သားငယ်လေးတစ်ဖြစ် တစ်အိမ်လုံးရဲ့ အချစ်ခံလေး။
ဘွဲ့ရပြီးတော့ 'မင်'ဟာ ပါးပါးရဲ့ ကုမ္ပဏီမှာဘဲ အလုပ်ဝင်လုပ်သည်။
အားလပ်ရက်တွေမှာ ပန်းချီဆွဲသည်။တစ်ခါတစ်လေ ကားလျှောက်မောင်းနေတတ်သည်။

'မင်'ဟာ အစ်ကို​​ဖြစ်သူလို ရုပ်အရမ်းချောတဲ့ထဲမှာ မပါပေမဲ့ အလွန်ချစ်စရာကောင်းသည့်ကောင်ငယ်လေးတစ်ယောက်။
လူကောင်သေးသေး အသားအရေဖွေးဖွေးလေးနဲ့ 'မင်'ဟာ ကောင်ချောလေးတွေနဲ့ မမတွေကြားမှာ ရေပန်းစားသည်။
သို့သော် 'မင်'ဟာ ထိုအရာတွေကို စိတ်မဝင်စားဘဲ လွတ်လွတ်လပ်လပ် ပျော်ပါးနေသည့် ကောင်လေး။

တစ်နေ့ ၊ အဲဒီတစ်နေ့ဆိုတာ 'မင်'ရဲ့ဘဝထဲကို 'ဂျောန်ဂျောင်ဂုဂ်'ဆိုသော ကလေးငယ်လေး ရောက်ရှိလာတဲ့ တစ်နေ့။
'မင်'ဟာ ခါတိုင်းအားလပ်ရက်တွေလိုဘဲ ကားပတ်မောင်းနေတာရယ်။
ထိုအချိန်မှာ 'မင်'ရဲ့ ကားရှေ့တည့်တည့်ကို ပြေးဝင်လာတဲ့ ကလေးငယ်လေးတစ်ယောက်။

အသက် ၁၀နှစ်ခန့်သာရှိသေးတဲ့ ထိုကလေးငယ်လေးဟာ အဝတ်အစားတို့က ဟောင်းနွမ်း၍ သူရဲ့မျက်လုံးဝိုင်းကြီးတွေက တစ်စုံတစ်ခုကို ကြောက်ရွံ့နေဟန်။
စစတွေ့ချင်းမှာပင် 'မင်' ထိုမျက်လုံးဝိုင်းဝိုင်းလေးတွေကို သဘောကျမိခြင်း။

'မင်'ကားပေါ်ကဆင်း၍ ထိုကလေးငယ်ရှေ့ရောက်သွားတော့ ကလေးငယ်ဆီက ပထမဆုံး ထွက်လာတဲ့စကားလေး။

"ကယ်ပါ ကျွန်တော့်ကိုကယ်ပါ"တဲ့။

ပြောပြီးတာနဲ့ ကလေးငယ်သည် သူ့လက်ထဲမှာတင် သတိလစ်သွားခဲ့ပါ၏။
ထို့ကြောင့် 'မင်' က ကလေးငယ်ကို ပွေ့ချီ၍ ကားပေါ်သို့တင်ကာ အိမ်သို့ ခေါ်ဆောင်လာခဲ့ပါ၏။

'မင်'အိမ်သို့ပြန်ရောက်သည့် အချိန်ထိ ကလေးငယ်မှာ မနိုးသေး။ ဧည့်ခန်းထဲတွင် ထိုင်နေသော ပါးပါးက ကလေးငယ်ကို ပွေ့ချီလာတာ မြင်တော့ မေးမြန်းပါတော့သည်။

"သားငယ် ဘယ်ကကောင်လေးကို ခေါ်လာတာလဲ"

"လမ်းမှာ သားရဲ့ကားနဲ့တိုက်မိမလို ဖြစ်လို့ ခေါ်လာတာပါးပါး"

Pa Pa's boy (ပါးပါးရဲ့ ကလေးငယ်)Where stories live. Discover now