K နိူင်ငံ S မြို့တော်ရှိ ဆေးတက္ကသိုလ်တစ်ခု၏
ဘွဲ့နှင်းသဘင် အခမ်းအနားတစ်ခု။ 7နှစ်တာကာလ
ကြိုးစားပြီးမှသာ လူ့အသက်ကို ကယ်နိူင်ဖို့အတွက်
ထိုက်တန်ပါတယ်ဆိုသည့် အသိအမှတ်ပြု စာတစ်စောင်
သို့တည်းမဟုတ် ဘွဲ့လက်မှတ်တစ်ခုကို ချီးမြှင့်သော အခမ်းအနားတစ်ခု။ထိုအခမ်းအနားကို တက်ရောက်ကြသူများထဲတွင်
ဂျောန်လည်းပါဝင်လေသည်။ ဂျောန်ရဲ့ ဘွဲ့နှင်းသဘင်ကိုတော့
ပါးပါးရယ်၊ ဦးလေးဂျင်ရယ်၊ ဂျီမင်ရယ်က အတူ
တက်ရောက်ပေးသည်။ ပါးပါးကြီးနှင့် မားမားကြီးကတော့
လူကြီးမို့ အိမ်မှာဘဲ နေခဲ့တော့မည်တဲ့။ဒီလိုပွဲအခမ်းအနားကို မိဘအရင်းတွေနဲ့ အတူမတက်ရပေမယ့်
ပါးပါးကိုယ်တိုင် တက်ပေးလို့ ဂျောန်အလွန်ကြည်နူးရပါသည်။
ပါးပါးကိုကြည့်လိုက်တော့ မျက်နှာလေးက ကြည်စင်လို့
ဂုဏ်ယူတဲ့အပြုံးလေးနဲ့ မော့မော့လေး။ကျောင်းကိုရောက်တော့လည်း ပါးပါးကို ဝိုင်းကြည့်လို့
ဂျောန်တို့မှာ သဝန်တွေတိုရသေးတာ။ ပွဲပြီးသွားတော့လည်း
ဂျီမင်က မုန့်လိုက်ကျွေးပါဆို၍ လေးယောက်သား
ကားတစ်စီးနှင့် မုန့်ပတ်စားကြသေးတာ။ ပြီးမှဘဲ
မင်အိမ်တော်ကို အတူပြန်လာ၍ အနားယူကြသည်။ညနေခင်းဘက်ရောက်တော့ ပါးပါးကိုခေါ်၍ ပါးပါးနှင့်
ဂျောန်အတူဆုံခဲ့သည့် နေရာလေးကို လာခဲ့လိုက်သည်။
နှစ်တွေကြာ၍ အဆောက်အဦးတွေ လမ်းပုံစံတွေ ပြောင်းသွားတော့ ပါးပါးက မှတ်မိဟန်မတူ။"ဂျောန် ဒါက ဘယ်နေရာလဲ "
"ဂျောန်နဲ့ ပါးပါး စတွေ့တဲ့နေရာလေ အဲအချိန်တုန်းကအကြောင်းတွေ ပါးပါးမှတ်မိသေးလား"
"အင်း ပါးပါးမှတ်မိတာပေါ့ အဲတုန်းက ဂျောန်က
ငယ်ငယ် လေးဘဲရှိသေးတာ တစ်ခုခုကိုကြောက်ပြီး
ပြေးလာတာနဲ့တူတယ် ပါးပါးကားရှေ့မှာလဲသွားတာလေ
အထူးသဖြင့် ပါးပါးက ဂျောန်ရဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေကိုအခုထိ အမှတ်ရနေတုန်းဘဲ""ဂျောန် ကို အဲဒီအချိန်ကနေ အခုအရွယ်ထိ ကျွေးမွေးပြုစုပြီး ကာကွယ်စောင့်ရှောက်ခဲ့လို့ ကျေးဇူးတင်ပါတယ် ပါးပါး "
YOU ARE READING
Pa Pa's boy (ပါးပါးရဲ့ ကလေးငယ်)