အိမ်ကြီး တစ်အိမ်ရဲ့ အခန်းတစ်ခုထဲမှာ ကောင်လေး
တစ်ယောက်သာ တိတ်တဆိတ်ထိုင်နေလေသည်။
သူက သူ့အရှေ့ရှိ ဖုန်းလေး ကိုသာမမှိတ်မသုန်
စိုက်ကြည့်နေပြီး မျက်နှာက တည်တင်းနေလေသည်။
ပြီးတော့ ထိုကောင်လေးသည် လက်မှ နာရီကိုလည်း
ခနခနကြည့်နေလေသည်။ ထိုကောင်လေးဘေးမှ
လူနှစ်ယောက်ကတော့ ကျောက်ရုပ်များသဖွယ် ငြိမ်သက်လို့ မတ်တပ်ရပ်စောင့်နေပါသည်။ဒီအိမ်ကိုရောက်လာပြီးကတည်းက စားပွဲပေါ်ကို
ဖုန်းတစ်လုံးတင်၍ မမှိတ်မသုန်စိုက်ကြည့်နေသော
အိမ်ကြီးရှင်သခင်လေးက ရည်းစားကို ကြည့်နေသည့်အတိုင်း။
သူတို့မတ်တပ်ရပ်နေရသည်မှာလည်း နာရီလက်တံ သုံးပတ်ပင် ပြည့်ရော့မည်။"ကျစ် ပါးပါးက ဘာလို့ အခုထိဖုန်းမခေါ်သေးတာလဲ ဟိုနှစ်ကောင်"
"ခင်ဗျာ"
ဂျောန်ကခေါ်တော့ မှ လှုပ်လှုပ်ရှားရှားဖြစ်လာသည့်
ထိုနှစ်ယောက်၊ မျက်နှာကလည်း ပြူးတူးပြဲတဲလေးတွေနှင့်။"မင်းတို့ပြောကြည့် ပါးပါးက ငါ့ကိုဖုန်းခေါ်လာပါ့မလား"
ထိုအခါတစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၍
ထွက်လာသောစကား။"အဲ ခေါ် ခေါ်မှာပါ ဘယ်မိဘကမှ ကိုယ့်သားသမီးကို အကြာကြီးပစ်မထားပါဘူး"
"တိတ်စမ်း ဘာသားသမီးလဲ ပါးပါးနဲ့ငါက သားဖတွေမဟုတ်ဘူး"
ဂျောန်ငေါက်လိုက်တော့လည်း ပါးစပ်လေးတွေ
ပိတ်၍ငြိမ်ကျသွားပြန်သည်။ ခနအကြာတွင် ဂျောန်ဖုန်း
screenလေးက မီးလင်းလာပြီး 'ဂျောန်ရဲ့ ပါးပါး'
ဆိုပြီး contact မှတ်ထားသော ဖုန်းနံပါတ်လေးက
အဝင်call ဝင်လာလေသည်။ ဂျောန်မျက်နှာမှာ
ပြုံးနေလိုက်တာများ ဖုံးမရဖိမရ။ ပါးပါးဆိုတဲ့
လူသားလေးက သိပ်ဆိုးတာရယ် ဂျောန်ကို ငိုအောင်
ရယ်အောင် အမျိုးမျိုး လုပ်နိူင်တာရယ်။ဖုန်းလေးသည် ပထမတစ်ခါ အဝင်callမှာ မကိုင်တော့
ကျသွားသည်။ သူတို့သခင်လေးက ဖုန်းမျှော်နေတာမဟုတ်ဘူးလား အခု ခေါ်တော့လည်းမကိုင် ။
သို့သော် မျက်နှာကကျ ပြုံးဖြီးလို့။ ခနအကြာတွင် ထပ်ဝင်လာသော ဖုန်းလေး။
YOU ARE READING
Pa Pa's boy (ပါးပါးရဲ့ ကလေးငယ်)