part. 6

395 23 5
                                    

part. 6

မျက်နှာတစ်ပြင်လုံးဖူး​ယောင်​နေ​သောဟိန်းကို​ခေါ်ကာလွှာအိမ်ထဲသို့​ပြန်ဝင်လာခဲ့​တော့တယ်။

ထိုစဉ်ဧည့်ခန်းထဲမှ​နေ၍သူတို့်နှစ်​ယောက်ကိုမြင်သွား​သော​ဒေါ်မြခက်လွှာသည်စိုးရိမ်တကြီးဖြင့်သူ့တို့နား​ရောက်လာ​ခဲ့​လေသည်။

"ဟယ်...သားဟိန်းမျက်နှာကဘာဖြစ်တာလဲလွှာ
ဒဏ်ရာ​တွေနဲ့ရန်များဖြစ်လာတာလား"

"ရန်ဖြစ်တာမဟုတ်ဘူး...မာမီရဲ့
ချော်လဲရင်းမျက်နှာကိုသွားထိမိတာ"

ဖြစ်​ကြောင်းကုန်စင်ပြန်​ပြောပြ​နေရင်ရှုပ်ကုန်မည်ဆိုး၍
လွှာလိမ်မ​ပြောချင်​သော်လဲမိခင်ဖြစ်သူအားလိမ်​ပြောလိုက်ရ​​တော့သည်။

"ဟုတ်ရဲ့လားကွယ်....ချော်လဲတာကလဲမျက်နှာတစ်ပြင်လုံးဖူး​ယောင်​နေတာပဲ"

"ဟုတ်တယ်အန်တီမြရဲ့...သားနဲ့အငြင်းအခုန်လုပ်​နေတုန်း
မှောက်လျက်လဲမိရတာအဲ့တာမျက်နှာကိုထိမိသွားတယ်"

"ဖြစ်ရမယ်ကွယ်က​လေး​တွေလဲမဟုတ်ပါဘဲ
ဒီ​နေ့ပဲအိမ်​စ​ရောက်တယ်ဒဏ်ရာရတာသာသားအ​ဖေသိရင်​တော့ခက်ပါ​ပေ့"

"မခက်ပါဘူးအန်တီမြရယ်....​ဆေးထည့်​ပျောက်သွားမှာပါ
အန်တီတူဟိန်းရာဇာပါဗျာ၊
အမြဲတမ်းရုပ်​ချော​နေရင်​ကောင်မ​လေး​တွေလိုက်လာမှာဆိုးလို့ခဏရုပ်ဖျက်ထားတာ...ဟဲဟဲ"

မယုံသကာင်္ဖြစ်​နေ​သော​ဒေါ်မြခက်လွှာ​ကြောင့်ဟိန်းသစ်ပါမျက်နှာစပ်စပ်ဖြဲဖြဲလုပ်ရင်းစ​နောက်​ကာယုံ​အောင်​ပြောရ​တော့တယ်။

"​အော်ဒီက​လေးနှယ်ဒီ​လောက်ဖူး​ယောင်​နေတာ​တောင်​စ​နေနိုင်​သေးတယ်၊
ကဲပါ​ချော်လဲတာဆိုလဲ​ဆေး​လေးဘာ​လေးအမြန်သွားထည့်​ချေဦး"

"ဟုတ်ကဲ့!!"

ဒေါ်မြခက်လွှာဆက်ပြီး​မေးခွန်းမထုတ်​တော့မှလွှာတို့နှစ်​ယောက်စလုံးစိတ်​အေးကာအ​ပေါ်ထပ်သို့ခပ်မြန်မြန်တက်လာ​ပြီးဟိန်းမျက်နှာမှဒဏ်ရာများကို​လွှာ​ဆေးထည့်​ပေးရန်ပြင်ရ​တော့သည်။

"အား...ကျွတ် ကျွတ်"
"နာလိုက်တာကွာဒီ​ကောင်​လေး​တော်​တော်လက်သီးပြင်းတာပဲ"

Darling only order are obeyed(မောင့်အမိန့်သည်သာနာခံရာ)Where stories live. Discover now