part. 7

406 26 6
                                    

"ကိုခန့်နိုင်....ရှင်ကျမကိုဘယ်ကို​ခေါ်လာတာလဲ"

သူမကို​အခန်းတစ်ခုထဲသို့​ခေါ်လာ​သောခန့်နိုင်ကိုရနံ့သံသယဝင်လာမိသည်။
အလုပ်ကိစ္စ​ကြောင့်ဟု​ဆိုကာclubသို့​ခေါ်လာပြီး
ဒီ​ရောက်​တော့လဲသူ့လက်သို့အတင်းချိတ်ခိုင်းကာရနံစိတ်ထဲတစ်မျိုးဖြစ်​နေခဲ့တာ။
ငြင်းဆန်ချင်​ပေမယ့်နဲ့သူနဲ့အလုပ်ကိစ္စကအ​ရေးတကြီးကိစ္စဖြစ်​နေတာရယ်သူ့အကူညီပါလိုအပ်​နေ​တာ​ကြောင့်ငြင်းဆန်ခြင်းမပြုဘဲလက်ခံခဲ့မိတယ်။
အခုလဲclubအတွင်းရှိအခန်းထဲသို့သူမတို့ရောက်ပြီဆိုတာ
နှင့်တံခါးချက်ချလိုက်​တာ​ကြောင့်သူမအန္တရယ်ကိုခန့်မှန်းမိလာသည်။

"ကိုခန့်နိုင်....ကျမကိုဘယ်ကို​ခေါ်လာတာလဲလို့​မေး​နေတယ်​လေ
ကျမအလုပ်ကိစ္စ​ကြောင့်ရှင့်​နောက်လိုက်လာခဲ့တာ​နော်"

"​ဖြေး​ဖြေး​ပေါ့ရနံ့ရယ်...ကိုယ်တို့အလုပ်ကိစ္စ​ပြောရ​အောင်ပဲဒီ​ခေါ်လာခဲ့တာ"

"ရှင်လွန်မလာနဲ့​....ကိုခန့်နိုင်"
"အလုပ်ကိစ္စ​ပြောဖို့အတွက်နဲ့clubကအခန်းတစ်ခုထဲကျမကို​ခေါ်လာစရာမလိုဘူး...ရှင်​ခေါ်တဲ့clubကိုလိုက်လာတာနဲ့နင်​လွန်လွန်း​နေပြီ"

"​ဒေါသ​တွေအရမ်းကြီးမ​နေပါနဲ့ရနံရယ်.....အလုပ်ကိစ္စမ​ဆွေး​နွေးခင်ကိုယ့်ရဲ့ဆန္ဒကိုအရင်လိုက်​လျော​ပေး​လေ"

" ဘာ ! ! "

" ရှင် "

ဖြောင်း !

အရှက်မဲ့စွာရွံစရာ​ကောင့်သည့်ပုံစံဖြင့်​ပြောလာ​သောလူ​ကြောင့်
ရနဲ့ ၏​ဒေါသနှင့်အတူလက်တစ်ဖက်ပါ​လေ​ပေါ်​မြောက်သွားကာ​ရှေ့မှခန့်နိုင်ဆိုတဲ့လူရဲ့မျက်နှာသည်လည်း​ဘေးတစ်ဘက်သို့လည်ထွက်သွားရသည်။

ထိုလူကမီးဝင်းဝင်း​တောက်သည့်မျက်လုံနှင့်ရနံ့ရဲ့ရိုက်ချက်​ကြောင့်လက်ဝါးရာထင်သွား​သောပါးတစ်ဖက်အား​လက်တစ်ဖက်ဖြင့်ပွတ်ရင်း...

"မင်းကငါသည်းခံ​နေလို့အ​ကောင်းမှတ်​နေတယ်​ပေါ့.....ရနံ​ခေတ်"

သူရဲ့ကြမ်းတမ်း​သောလက်နှစ်ဖက်ဖြင့်ရနံရဲ့ပုခုံးနှစ်ဖက်ကိုဖိကာလှဲချခံလိုက်ရ​တာ​ကြောင့်ရနံမှာရုန်းကန်ခွင့်မရလိုက်ပါဘဲ​ဘေးတစ်ဘက်ရှိကုတင်​ပေါ်သို့သာမငြင်မသာပစ်ကျသွားရသည်။

Darling only order are obeyed(မောင့်အမိန့်သည်သာနာခံရာ)Where stories live. Discover now