part. 10

275 23 10
                                    

ရှေ့တည့်တည့်၌မျက်နှာမူရပ်​နေ​သော​မောင်ဖြစ်သူ၏
မျက်နှာသို့ရနံ့ခပ်ရဲရဲပင်မကြည့်ရဲ
သူမကိုအပစ်မ​ပြောပါဘဲတည်ငြိမ်​နေ​သော်ငြား
ကိုယ့်အပစ်နဲ့ကိုမို့​ဖြေရှင်းဖို့အားမရှိ။
အမှန်ဆိုသူရဲ့တစ်​ယောက်တည်း​သော​မောင်ဖြစ်သူကို
ဘယ်သူ့လက်ထဲမှသူထည့်မ​ပေးချင်​ပေမယ့်
အခုအ​ခြေ​နေမှာသူ့အတွက်​ဘေးကျပ်နံကျပ်ဖြစ်​နေတာ​ကြောင့်
မဖြစ်မ​နေတိုက်တွန်း​ရ​ပေမည်။
တစ်မိသားစုလုံးမှာအငယ်ဆုံး​လေးမို့အလိုလိုက်ထားပြီး
တစ်အိမ်လုံးကိုပတ်ချွဲတတ်တဲ့​ကောင်​လေးကိုအသက်၂၄နှစ်​ကျော်​နေပြီဖြစ်​သော်လည်းသူတို့အတွက်​တော့က​လေးအဖြစ်နဲ့သာမြင်ချင်​သေးပါရဲ့၊
အိမ်​ထောင်ပြု ဖို့မ​ပြောနဲ့ရည်းစား​တောင်ထားမိမှာစိုးလို့သူတို့ရဲ့
အသည်း​ကျော်​လေးကိုတရိပ်ရိပ်ကြည့်​နေခဲ့ရတာ
အခု​တော့သူမကိုယ်တိုင်ပဲသူတစ်ပါးလက်ထဲစိတ်ချလက်ချထည့်​ပေးလိုက်ရန်အ​ကြောင်းဖန်လာခဲ့​လေပြီ။

" လွှာ့ကို မမကြီး ​တောင်းပန်ပါတယ်သူ့ကိုလက်ထပ်​ပေးပါလွှာ"

"မမကြီး !!"

လွှာ့စကားသံအဆုံး၌​ဒေါသံတစ်စိုးတစိမျှမပါ​သော်ငြား
အစ်မဖြစ်သူကိုနားမလည်နိုင်ဟန်နှင့်အံသြမှုအပြည့်ဖြင့်
စိုက်ကြည့်ကာ...

"မမကြီးဘယ်လိုစိတ်ကူးနဲ့များ ဒီလို​ပြောနိုင်ရတာလဲ
လွှာ့လက်ထပ်ရမယ့်သူက​ယောကျာ်း​လေးတစ်​ယောက်​နော်မမကြီး
ဒါကလုံးဝသဘာဝမကျဘူး​လေ  "

"မမကြီးကိုသနားရင် လက်ထပ်​ပေးပါလွှာရယ်
မမကြီး​တောင်းဆိုတာပါ ​နော် ကူညီပါလွှာ​လေး"

"မမကြီးမှာပြသနာတစ်ခုခုရှိ​နေတာမလား လွှာ့ကို​ပြောပြ
ဘာပြသနာလဲလွှာနဲ့ပက်သက်​နေတာမလား"

ပုံမှန်ဆိုလွှာ့ကိုမျက်စိ​ဒေါက်​ထောက်ကြည့်​နေတတ်​သော
အစ်မဖြစ်သူ​ဆီမှထိုစကားမျိုးကြားနိုင်မည်မဟုတ်
သူတို့မျက်စိထဲက​လေးတစ်​ယောက်လိုပဲမြင်​နေပြီ
အစစအရာရာဂရုစိုက်တတ်တာ
တစ်ခြားသူလက်ထဲသို့ထည့်လိုက်ဖို့ဆိုတာ​တွေး​တောင်​တွေးဖြစ်ခဲ့မှာမဟုတ် အခုကမမကြီးဆီမှာပြသနာတစ်ခုခုရှိ​နေတယ်ဆိုတာ​အ​သေချာပင်ဖြစ်​နေ​လောက်သည်။

Darling only order are obeyed(မောင့်အမိန့်သည်သာနာခံရာ)Where stories live. Discover now