106

10.1K 1.6K 169
                                    

{Unicode}

"ခွေးတစ်ကောင်
စိတ်ဆိုးလို့ သေတော့မယ်"

ရန်ကျားလိတစ်ယောက် တစ်ညလုံး ကောင်းကောင်းမွန်မွန် အိပ်မပျော်နိုင်လုနီးပါး ဖြစ်နေခဲ့သည်။

မားကတ်တင်းအကောင့်မှ ပေါက်ကြားလာသော အတင်းအဖျင်း သတင်းများသည် သူ၏ တစ်ညတာ စိတ်အခြေအနေကို အနှောင့်အယှက် ပေးနေခဲ့သည်။

သူသည် ကုတင်ပေါ် လဲလျောင်းရင်း အိပ်သည်။ မျက်လုံးကြီးလည်း မှိတ်ထားသည်။ သို့သော် ထို Weibo သတင်းက သူ့ဦးနှောက်ထဲ တဝဲလည်လည် ဖြစ်နေသည်။

Weibo တွင် ရေးထားသော စာတိုနှင့် တင်ထားသည့် ဓာတ်ပုံနှစ်ပုံကလည်း ကြိုးဖုန်းနှင့် ရိုက်ယူထားသကဲ့သို့ ဝါးတူးနေလှသည်။ မည်သို့ပင်ဆိုစေကာမူ သူ့ဦးနှောက်ထဲ ကဂျိုးကဂျောင် ဖြစ်နေပြီး စိတ်အေးချမ်းသာမှုကို မပေးနိုင်ပေ။

ရန်ကျားလိသည် စိတ်တိုလွန်း၍ မျက်စိ ပြန်ဖွင့်လာပြီး ဖုန်းကိုယူကာ Weibo ကိုဖွင့်ပြီး  နောက်တစ်ခေါက် ထပ်ကြည့်သည်။

ဓာတ်ပုံထဲတွင် ယဲ့ထင်သည် ကားနံဘေးတွင် ရပ်နေပြီး ကားတံခါးကို ဖွင့်နေသည်။ အလင်းရောင်မှာ အတော်လေး မှိန်ဖျနေ၍ မျက်နှာထားကို သေချာ မတွေ့နိုင်ပေ။ ရှည်လျား ဖြောင့်စင်းသည့် ဆံနွယ်နှင့် မိန်းကလေးသည် ကားထဲမှ ထွက်လာဆဲဆဲဖြစ်သည်။ ပေါ်နေသည့် ခန္ဓာကိုယ် တစ်ဝက်ကို ကြည့်လိုက်လျှင် ကိုယ်ခန္ဓာ အချိုးအစားက မဆိုးလှဘဲ ဟန်အမူအရာသည်လည်း အလွန် ကျက်သရေရှိကာ "ဂုဏ်ထူးဂုဏ်ဒြပ် မြင့်မားသော မိသားစုမှ ကောင်းမွန်စွာ မွေးဖွားလာသော မိန်းမပျို" ဟူသော ဂုဏ်ပုဒ်နှင့် လိုက်လျောညီထွေ ရှိလှသည်။

Weibo အောက်တွင် တစ်လေသံတည်း ဖြစ်နေသော အင်တာနက် သုံးစွဲသူများ၏ မှတ်ချက်များသည် အတော်လေး တညီတညွတ်နှင့် ထိုနှစ်ယောက်သားအား လိုက်ဖက်ညီလှသော စံနမူနာပြ စုံတွဲအဖြစ် ခေါ်ဆိုသမုတ်နေကြသည်။ ထိုသို့မဟုတ်လျှင် နတ်ဘုရားမ ယီးကျယ်က နောက်ဆုံးတွင် ကောင်းကင်ဘုံမှ ချီးမြှင့်မြှောက်စားထားသည့် နတ်ဘုရားကို ရှာတွေ့သွားပြီဟူ၍ တအံ့တသြ ဖြစ်နေကြသည်။ ရံဖန်ရံခါ ထို Weibo သတင်းအား အစစ်အမှန် ဟုတ်မဟုတ် မေးခွန်းထုတ်နေသူများကတော့ ဟိုးအောက်ဆုံးသို့ ဖိချခံလိုက်ရသည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now