part 2 unicode

1.5K 52 0
                                    

2ဘုရင့်မိန်းမ (Or )ရွှေနန်းထက်ကချစ်ရက်စွဲများ

                      အပိုင်း (၂)

နွေဦးရာသီနှောင်းပိုင်းမှာဂိုင်ယာရဲ့ပင်လယ်နတ်မင်းပူဇော်ပွဲနေ့ကို ဟိုးရှေးယခင်ကတည်းကအစဉ်
လာမပြတ်ကျင်းပလာခဲ့ခြင်းဖြစ်သည်။
ပင်လယ်ပြင်ကိုအမှီသဟဲပြုနေထိုင်ခဲ့တဲ့ရှေးဂိုင်ယာလူမျိုးတွေအတွက်ပင်လယ်ဟာအထွတ်အမြတ်
ဖြစ်ပြီးပင်လယ်နတ်မင်းဖြစ်တဲ့နဂါးမင်းကိုပူဇော်ပြီးမှသာဂိုင်ယာရဲ့ပင်လယ်ပြင်မှာသားငါးရှာဖွေရဲကြသည်။
(ရှေးယခင်ကလူ၊သက်ရှိများကိုစတေးကာ)ပူဇော်
ခြင်းများပါပြုလုပ်ခဲ့ကြသည်။
ဒါ့အပြင်...
ဂိုင်ယာရဲ့ဘုရင်မင်းမြတ်များနှင့်သူရဲကောင်းများက
သေလွန်သောအခါ ပင်လယ်ပြင်မှာနားခိုကြသည်
ဟုယူဆပြီး.. ဂိုင်ယာရဲ့ဘုရင်အဆက်ဆက်က
နှစ်စဉ်ထိုအခမ်းအနားကိုဦးဆောင်ကျင်းပကာ
ပင်လယ်ပြင်သို့ထွက်ပြီးဦးညွှတ်ကြရသည်။

ဘုရင်ဒေးဗစ်VI..ဆဠမမြောက်ဒေးဗစ်လို့ခေါ်တဲ့
ဘုရင်မင်းမြတ်ဟာနန်းသက်၁နှစ်ခွဲကြာပြီဆိုပေ
မယ့် ခမည်းတော်ဘုရင်နတ်ရွာစံမှု
ကြောင့်တစ်နှစ်အတွင်းအခမ်းအနားများရုတ်သိမ်း
ခဲ့တဲ့အတွက်..ယနေ့ပူဇော်ပွဲကဘုရင်မင်းမြတ်အတွက်နန်းတတ်ပွဲပြီးရင်ပထမဆုံးအခမ်းအနားဖြစ်
သည်။

့ပင်လယ်ပြင်အခမ်းအနားအတွက်ရွေးချယ်ထားတဲ့
ယာယီစံနန်းဝယ်...
ဘုရင်မင်းမြတ်ကိုရံရွှေတော်များကအဝတ်တန်ဆာ
ဆင်ယင်ပေးနေကြသည်။
ထိုစဉ်ဘုရင့်မယ်တော်ကအခန်းထဲသို့ဝင်လာပါသည်။
မယ်တော်ကအခမ်းအနားအတွက်ဝတ်စားပြင်ဆင်
ထားပြီးဖြစ်သည်။ဘုရင်မင်းမြတ်ကို တော်ဝင်ဝတ်ရုံနဲ့အဆင်ပြေပါ့မလားဟုတွေးကာလာကြည့်ခြင်းဖြစ်သည်။

အရင်တစ်ခေါက်အချင်းများပြီးကတည်းကသားအမိချင်းစကားမပြောဖြစ်ကြပေ။
မယ်မယ်ကစကားတစ်ခွန်းမှမဆိုပဲ..သူ့ဝတ်ရုံအတည့်အစောင်းကိုပြုပြင်ခြင်း၊ဥသျှောင်ဆောင်းပေးခြင်းအမှုကိုပြုသည်။

အားလုံးဝတ်ဆင်ပြီးသောအခါ..ခန့်ညားတင့်တယ်
တဲ့အသေရေတော်နဲ့သူ့အားတစ်ခဏမျှခြုံကြည့်ပြီး
ချာခနဲပြန်လှည့်ထွက်သွားခဲ့သည်။
မယ်တော် ကသူ့ကိုအခုထိစိတ်ဆိုးနေဆဲပါလား?

The king's wifeWhere stories live. Discover now