part 7 unicode

2.8K 87 14
                                    

7ဘုရင့်မိန်းမ (Or)ရွှေနန်းထက်ကချစ်ရက်စွဲများ

                      အပိုင်း (7)
ဂိုင်ယာရဲ့မိဖုရားလောင်းကိုရွေးချယ်ပြီးသွားပြီဖြစ်ကြောင်းနဲ့မကြာခင်တော်ဝင်မင်္ဂလာဆောင်ကျင်းပတော့မယ့်အကြောင်းကို..နန်းတော်သတင်းပြန်ကြား
ရေးဌာနမှထုတ်ပြန်ကြေငြာလိုက်ပါသည်။

TVchannelတွေကလည်းလွှင့်၊သတင်းစာတိုင်းမှာလည်းခေါင်းကြီးပိုင်းကနေပါရှိပြီး၊မီဒီယာတွေကလည်းသူ့ထက်ငါပလူပျံနေအောင်တင်ကြသည်။

" အရှင်နဲ့မိဖုရားလောင်းကိုတွေ့ဆုံအင်တာဗျူးခွင့်
ရဖို့နိုင်ငံပိုင်မီဒီယာကတောင်းဆိုထားပါတယ်...
တွေ့ဆုံချင်သလား? ငြင်းဆိုချင်ပါသလား?ခင်ဗျာ"

" နိုင်ငံပိုင်မီဒီယာကတဲ့လား.....အဟမ်း...
သူတို့ကဘုရင်နဲ့ idolကိုတောင်သေချာမခွဲခြားနိုင်
ဘူးပဲ..."
" ဒါဆို ငြင်းပယ်လိုက်ပါ့မယ် အရှင်...."
" နေအုံး...သူတို့ကမိဖုရားလောင်းအကြောင်းသိချင်နေကြတာမှတ်လား...ဒီလိုလုပ် နန်းရေးဝန်ကို
ညခင်းပိုင်းနန်းတော်ဟောင်းမှာပွဲတစ်ခုစီစဉ်ခိုင်း
လိုက်..မီဒီယာတွေကိုအကုန်ဖိတ်...
ရိုက်ကူးရေးခွင့်ပြုမယ်...ဒါပေမယ့် ကိုယ်တော်တို့
ကိုမေးမြန်းဖို့ခွင့်မပြုဘူး...."
" မှန်လှပါ အရှင် ..... "

David VI..ဆဠမမြောက်ဒေးဗစ်ဟုခေါ်သောသူ
သည်ပင်လယ်လိုပြာလဲ့သောမျက်လုံးရောင်၊ကြည်
လင်နေတဲ့အသားအရေ၊ကျယ်ပြန့်သောပုခုံး၊ကားစွန့်သောရင်အုပ်တောင့်တင်းသောခန္တာကိုယ်ကြောင့်
ချောမောသောဘုရင်သစ်အဖြစ်ရေပန်းစားသော်
လည်း၊ သူ့ကိုပြည်သူများကidolသဖွယ်ရှုစားကြည့်မြင်လိုကြခြင်းကိုတော့မနှစ်သက်ပေ။

သူသည်ရှေးဂိုင်ယာဘုရင်မင်းမြတ်တွေလိုရဲစွမ်းသတ္တိနဲ့နာမည်ဂုဏ်သတင်းကျော်ဇောခြင်းမျိုးကိုသာအားကျနှစ်သက်သူဖြစ်သည်။
သို့ပေမယ့်ကံမကောင်းစွာနဲ့သူ့လက်ထပ်မတိုင်ခင်
ကတည်းစစ်ပွဲမရှိ၊စစ်ကိုလိုလားသူမရှိ၍ပကတိငြိမ်း
ချမ်းနေပြီး..ဘုရင်ဟာစည်းမျဉ်းခံစနစ်နဲ့အာဏာကိုကန့်သတ်ခြင်းခံထားရသည်။
ဘုရင်ကလွှတ်တော်အထက်မှာရှိပေမယ့်နိုင်ငံရေး
အရတော့..ဝန်ကြီးချုပ်ကအခွင့်အာဏာပိုမိုရရှိထားသည်။
အများအမြင်မှာတော့ဘုရင်နဲ့ဝန်ကြီးချုပ်ဟာအကျိုးတူပူးပေါင်းပြီးနိုင်ငံကိုအုပ်ချုပ်နေတယ်ဟုထင်
ထားပေမယ့် တကယ်တမ်းမှာတော့..ဝန်ကြီးချုပ်
ကလည်းတော်ဝင်မျိုးနွယ်ဆိုတဲ့ကန့်လန့်ကာကိုဆွဲ
ပိတ်ချပြီး သမ္မတအဆင့်တတ်လှမ်းချင်တာဖြစ်ပြီး၊
ဘုရင်ကလည်းသူ့ရဲ့နေမဝင်သောအာဏာများကို
ပြန်လည်ရရှိဖို့အတွက်ဝန်ကြီးချုပ်ကိုမျက်စိစူးနေတာဖြစ်သည်။

The king's wifeWhere stories live. Discover now