part 6 unicode

1.2K 51 1
                                    

6ဘုရင့်မိန်းမ (Or)ရွှေနန်းထက်ကချစ်ရက်စွဲများ

                      အပိုင်း (6)

#ယောက္ခမထံမှာသင်တန်းတတ်ရတော့မယ့်မိဖုရားလောင်း😣၊
ဝှိုက်သည်အဝင်မှာရပ်ပြီးနန်းတော်ကြီးကိုငေးမော
ကြည့်ရှုသည်။

တစ်ချိန်ကဂိုင်ယာဘုရင်တွေရဲ့ကြီးကျယ်လှတဲ့ဂုဏ်အင်္ဂါနဲ့အညီ တည်ဆောက်ခဲ့ကြသောခမ်းနားဝံ့
ကြွားတဲ့နန်းတော်ကြီး။ ညီလာခံသဘင်ဆင်ရာအရပ်၊ဘုရင်နေထိုင်ရာအရှေ့နန်းတော်၊မိဖုရားကြီးများနေတဲ့အလယ်နန်းဆောင်၊မောင်းမမိသံရာကျော်နေခဲ့တဲ့အနောက်နန်းတော်..
နန်းတွင်းသူနန်းတွင်းသားတွေထောင်သောင်းချီနေ
ထိုင်ခဲ့ကြတာမို့..ဒီနန်းတော်ရဲ့အကျယ်အဝန်းကို
ဝှိုက်ခန့်မှန်းလို့မရပေ။

ဗြိတိန်အင်ပိုင်ယာထဲသွင်းခံရတဲ့အချိန်မှာ..နန်းတော်ရဲ့အသုံးစရိတ်ကိုလျှော့ချဖို့အတွက်..ဘတ်ကင်ဟမ်းနန်းတော်နဲ့ပုံစံတူပြီး၊အရွယ်အစား၃ဆခန့်
ငယ်တဲ့နန်းတော်သစ်ကိုတည်ဆောက်ပြီး..ဘုရင်
နဲ့တော်ဝင်မိသားစုကိုသာပြောင်းရွေ့စံမြန်းစေခဲ့သည်။
(ထိုနန်းတော်သစ်မှာလက်ရှိဘုရင်မင်းမြတ်နေထိုင်ရာနန်းတော်အိမ်ဖြစ်သည်။)

နန်းတော်ဟောင်းမှနန်းတွင်းသူ၊နန်းတွင်းသားတွေ
ကတော့အကုန်လုံးနီးပါးနှင်ထုတ်ခံခဲ့ရသည်။ပြီး
နောက်နန်းတော်ကြီးကိုတားမြစ်နယ်မြေအဖြစ်သိမ်းဆည်းလိုက်ကြသည်။

ဒါကိုဝှိုက်တို့ကျောင်းကသမိုင်းသင်ခန်းစာမှာထည့်သွင်းသင်ကြားခဲ့ရပါသည်။

ဒါကြောင့်ယခုအချိန်အထိဂိုင်ယာမှာ ဗြိတိန်ဆန့်ကျင်ရေး၊လူဖြူမုန်းတီးရေး၊ရီပါပလစ်ကန်ဆန့်ကျင်သူ
တွေအမြောက်အမြားရှိနေဆဲဖြစ်သည်။

အင်ပိုင်ယာကနေပြန်လည်ခွဲထွက်လာပြီးတဲ့နောက်
ပိုင်းမှာလည်း..ပြန်လည်နေထိုင်ခြင်းမပြုတော့ပဲ..
အခမ်းအနားကျင်းပမှသာလျှင်ဒီနန်းတော်ကိုအသုံး
ပြုတော့သည်။ ဘုရင့်မွေးနေ့တော်၊မိဖုရားကြီး၊မယ်
တော်ကြီးမွေးနေ့တော်နဲ့အောက်မေ့ဖွယ်အခမ်းအနားစသည်ဖြင့်တစ်နှစ်ပတ်လုံးမှာလေးငါးကြိမ်မျှ
သာနန်းတော်ကပြန်လည်အသက်ဝင်ပါသည်။
ကျန်အချိန်များမှာ နည်းပညာနဲ့မပျက်စီးအောင်ပဲ
ထိန်းသိမ်းထားရှိလေသည်။

The king's wifeWhere stories live. Discover now