Ep 28

143 7 1
                                    

"ဟောဗျာ..... ခင်ဗျားလေး
ကားနဲ့ထွက်သွားပြီထင်နေတာဗျာ
ဘာလို့ ခြံဝမှာထိုင်နေတာတုန်း
အေးကအေးနဲ့ဗျာ....နှင်းတွေကျ
နေတာကိုပေပြီးထိုင်နေတာ
ခင်ဗျားရူးနေလား"

"အဂျွန်း ဘာလို့ ချက်ခြင်း
လိုက်လာမချော့တာ"

.....မျက်ရည်တွေနဲ့ပေတလူးနေသော
ခလေးကြီးကိုခဏထား စကားရပ်လိုက်ပြီး
ကားထဲမှအဝတ်တွေ အမြန်ယူရင်း
ဝတ်ပေးပြီးရင်ခွင်ထဲမှာဖက်ထားလိုက်
တော့သည်....
" ချစ်လိုက်တာ အချစ်ရာ
ကြာလာလေ ကလေးဖြစ်လာလေ
ဆိုးလာလေ ဖြစ်လာတဲ့ ဖြစ်လာတဲ့
အချစ် ကို ကိုယ်ဘယ်လိုလုပ်ရပါ့မလဲကွာ"

"ဘယ်လိုမှမလုပ်နဲ့ ချစ်လွန်းလို့
သေမယ်ဆိုရင်တောင် ပိုပိုပြီးချစ်ပေး"

"ကောင်းပါပြီတဲ့ဗျာ....
Jk အိမ်ဘဲမလားအခုသွားမှာ"

"Jimin ရှိတဲ့ဘယ်နေရာမဆို
မောင်းသာမောင်း စိတ်ထင်ရာ
လုပ်နေတဲ့ကောင်လေးကို
ခေါင်းခေါက်ချင်လို့"

"ဟားဟားဟား သူ့ဘဲကြီးမျက်နှာနဲ့
Jk မျက်နှာသာအရင်ကြည့်ပါ
Baby လေးရယ် "

"ဘာကောင်ကြီး​ဖြစ်နေနေ
မကြောက်ဘူး လာသွားမယ်
ဝင်တော့ကားထဲ....."

"Yes daddy ပိစိလေး"

.....
Jk အိမ်တော်တွင်

"Hyung ထတော့လေဗျ"

"ဟင် အင်း.....ပြန်တောင်
ရောက်ပြီလား.... "

"ကြာပေါ့ hyung ဘေးတွင်
ဝင်အိပ်တာ နှစ်ရေးသုံးရေးရတယ်
မကရင်သာမကမယ်"

"နှိုးရောပေါ့ ကလေးရာ"

"နှိုးချင်ဘူး Hyung ကနှစ်နှစ်ခြိုက်ခြိုက်
ကိုအိပ်ပျော်နေတာလေ မနှိုးရက်ဘူး
အခုနှိုးတာ ညနေစောင်းကြီး
အိပ်ရင်ဖျားမှာစိုးလို့"

"ကလေးရယ် Hyungစိတ်ပူဖို့လဲ
ထားပါဦး..... "

"ဒါဆို ချစ်လားဗျာ "

"ချစ်တယ် ကိုယ့်အသက်ထက်
ပိုပြီးချစ်ရတာမို့ နောက်ကို
ကလေးကိုဒီ့ထက်အများကြီး
ချစ်သွားဦးမယ့်အပြင်
ကလေးကို ဘာထိခိုက်မှုမှကိုယ်
အဖြစ်မခံဘူး"

.....နူးညံ့တဲ့အနမ်းမိုးလေးတွေ
Yoongi ရဲ့ ပါးတွေအနှံ့ရွာချ
လိုက်သည့်အပြင် နှုတ်ခမ်းလေးကိုလဲ
နှစ်သက်ခုံမင်စွာပင်သူနမ်းရှိုက်လိုက်
တော့သည်..... အတင်းပင်
ဖယ်ထုတ်သောကြောင့်...
"ဘာလို့လဲ"

Couple  Zawgyi UniWhere stories live. Discover now