Ep9

412 28 4
                                    

ထိုင်ပါဦး အကြီးအကဲ မဟုတ်ရင်တောင်
ကျမလာခဲ့တော့မလို့

အပိုတွေငါမပြောချင်ဘူး မင်ယွန်ဟီး
ငါ့မြေးနဲ့ ယွန်းဂီနဲ့ကို မင်းသဘောတူတူ
မတူတူငါလက်ခံပြီးပေးစားမယ်
အဲ့တာပြောဖို့ငါလာခဲ့တာဘဲ

ဟွင်းဟွင်း သဘောပါရှင်တစ်ခုတော့ရှိတာပေါ့
ကျမဘက်ကအမွေပြတ်စွန့်လွှတ်မှာပါ
ဒါဆိုရင်ရောအကြီးအကဲဘက်ကဘယ်လို
သဘောရှိသေးလဲ

ငါပြောပြီးပြီလေ.....မင်ယွန်ဟီး
မင်းသဘောတူတူမတူတူ ငါလက်ခံပေးမှာပါလို့

သူဘယ်လိုမှမထင်ထားမိဒီအဘိုးကြီးလက်ခံမယ်လို့
အကြီးအကဲကဘာလို့လက်ခံချင်ရတာလဲ
သူမသိတဲ့အကြောင်းတွေများရှိနေလေရော့လား
ကောင်းပြီလေ သဘောအတိုင်းဆက်လုပ်ပါ
အိမ်တော်ထိန်း မီဒီယာတွေကိုအသိပေးလိုက်
Min Groupက မင်ယွန်းဂီက
ဆက်ခံသူမဟုတ်တော့ဘူးလို့တရားဝင်
ကြေညာလိုက် ပြီးတော့Miyaungကဘဲ
Mingroupကိုဆက်ခံသွားမယ်လို့ပါ
အသိပေးလိုက်

ဟင်.... ဟုတ်ကဲ့ပါမဒမ်

မင်းဆုံးဖြတ်ချက်သေချာပြီလား မင်ယွန်ဟီး

ကျမဆုံးဖြတ်ပြီးတာတွေမပြင်တက်ဘူး

ကောင်းပြီလေ နောင်တမရပါစေနဲ့
မင်ယွန်ဟီး

နောင်တ... ဘာအတွက်ရရမှာလဲ
ထားပါတော့ အကြီးအကဲကိုပြန်လိုက်ပို့လိုက်ပါ
နောက်ကျမတို့ဘာကိစ္စရှိရှိမပတ်သက်ရအောင်

ပြတ်သားနေလိုက်တာ ကောင်းပါပြီ
စေတနာနဲ့တစ်ခုတော့အသိပေးခဲ့မယ်
မင်း Miyaungကို သတိကြီးကြီးထားသင့်တယ်
နော် မင်းသိထားသလို အဆိပ်မရှိတဲ့မြွေလေး
တကောင်မဟုတ်ဘူး

ဒါကျမကိစ္စပါ

ကောင်းပြီ.....
မင်ယွန်ဟီး မင်ယွန်ဟီး
ငါလည်းတက်နိုင်သလောက်တော့အသိပေး
ထားခဲ့ပါရဲ့ ကျန်တာတော့ဒီလူအိုကြီးလည်း
ဘာမှထပ်မပြောပြတော့ပါဘူး
ကံကောင်းပါစေ မင်ယွန်ဟီးရေ

.....
Joon~Jin couple

Joon မီးဖိုချောင်ထဲကထွက်တော့

ဘာလို့လဲကိုယ်ကူလုပ်ပေးမယ်လေ

တော်ပါပြီ ကျေးဇူးတင်ပါတယ်
ပန်းကန်တွေ ဒီလောက်ခွဲရရင်ကျေနပ်ပါတော့
သွား ထိုင်ခုံမှာထိုင်နေ ကျက်တော့မှ
အတူတူစားကြမယ် ဟုတ်ပြီလား

Couple  Zawgyi UniWhere stories live. Discover now