107

10.1K 1.6K 116
                                    

{Unicode}

"သဲလွန်စရှိဘဲ ပျောက်သွားခြင်း"

ရန်ကျားလိသည် ကျောက်ရှန့်ဟိုင်၏ ရုံးခန်းထဲမှ ထွက်လာပြီးနောက် အလျင်စလို (အပြင်ကို) ထွက်မသွားခဲ့ပေ။

သူသည် ကုမ္ပဏီ၏ သုံးထပ်မြောက်ကို ဆင်းသွားပြီး HR ဌာနကို သွားလိုက်သည်။

Rong Hai နှင့် စာချုပ်ချုပ်ဆိုပြီး နောက်ပိုင်းတွင် သူ၏ အချက်အလက် အားလုံးကို Rong Hai ၏ HR စနစ်တွင် ပြန်လည် မှတ်ပုံတင်ဖို့ရန် လိုအပ်သည်။

ထိုကိစ္စတွင် တာဝန်ကျသည့် ဝန်ထမ်းကို ရှာတွေ့သွားပြီးနောက် ရန်ကျားလိသည် မိမိ၊ လီတာ့နှင့် လီအော့တို့၏ အချက်အလက်များကိုပါ မှတ်ပုံတင်ပြီး တစ်ကြိမ်လောက် အတည်ပြုလိုက်သည်။

လုပ်ထုံးလုပ်နည်းတို့ အဆုံးသတ်ခါနီးတွင် ဝန်ထမ်းသည် ကီးဘုတ်ကို ရိုက်နေရင်း သူ့အား မေးလာသည်။

"Passport ယူလာလား"

ရန်ကျားလိက မျက်တောင် ပုတ်ခတ် ပုတ်ခတ်နှင့်

"Passport တောင်းပြီး ဘာလုပ်မလို့လဲ"

ဝန်ထမ်းဖြစ်သူက ပြောသည်။

"ကုမ္ပဏီက အနုပညာရှင်တွေက တစ်ခါတလေ နိုင်ငံခြား ခရီးစဥ်တွေ ရှိတတ်တယ်။ အဲ့ဒါကြောင့် Passport နဲ့ Visa ကိုလည်း အတည်ပြုဖို့ လိုပါတယ်"

ရန်ကျားလိက သြော်ဟု အသံပြုလိုက်ပြီး ကျောပိုးအိတ်ကို အမြန်ချလိုက်ကာ အထဲမှ မိမိ၏ Passport ကို ဝန်ထမ်းဆီ ပေးလိုက်သည်။

"ဒါက ကျွန်တော့်ဟာပါ။ တခြားနှစ်ယောက်ကိုတော့ ကျွန်တော် ပြန်သွားပြီး တစ်ချက် ပြောလိုက်မယ်။ သူတို့ကို လာပေးခိုင်းဖို့"

လုပ်ရိုးလုပ်စဥ်များ ပြီးမြောက်သွားပြီးနောက် ရန်ကျားလိလည်း ကုမ္ပဏီမှ ထွက်လာပြီး ခြေလှမ်းများက အတော်လေး သွက်လက်နေသည်။

ရုပ်ရှင်အခမ်းအနား ဖွင့်ပွဲနေ့တွင် သူသည် ကုမ္ပဏီမှ ပြင်ဆင်ပေးထားသော ဝတ်စုံကို ကြိုဝတ်ထားလိုက်ပြီး ကားစီးကာ ကျင်းပရာ နေရာသို့ သွားလိုက်သည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now