Chapter (1)

1.2K 73 6
                                    


ဒီအတိုင်းဆက်သွားဖို့ ဆန္ဒမရှိတော့တဲ့အတွက် ကံတရားကို ပုန်ကန်ခဲ့ဖူးတယ်....သို့ပေမယ့် လောကကြီးက ငါ့ကို ရဲဝံ့ဖို့ ခွင့်မပြုခဲ့ဘူး......

ငိုကြွေးခြင်းက လောကထဲ ကလေးငယ်တစ်ယောက် ရောက်ရှိလာခြင်းကို ကိုယ်စားပြုပေးတယ်.... နာမည်တစ်ခုမှည့်တွင်ခြင်းသည်က လူ့လောကထဲကို ရောက်လာခြင်းအတွက် ပထမဆုံးသော လက်ဆောင်တစ်ခု......

ကောင်းမွန်တဲ့ တောင်းဆုဆန္ဒတွေကြောင့်ဖြစ်လာရတဲ့  ပျက်စီးခြင်းတစ်ချို့ရှိတယ်.....တစ်ချို့ကျတော့ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် တန်ဖိုးမဲ့လွန်းနေပြန်တယ်....

ငါ့နာမည်က သိပ်တော့ အကောင်းကြီးမဟုတ်ပါဘူး...နင်းယွီ့........ယွီ့ဘီပေလင်း....ယွီ့ယွီ့စုန်စုန်....ယွီ့ကျင်းရှန်း (ကျူးလစ်ပန်း). ..အကုန်လုံး နာမည်ကောင်းတွေချည်းပဲ....

ငါစဉ်းစားကြည့်ခဲ့ဖူးတယ်...မစ္စနင်း ငါ့ကိုနာမည်ပေးတုန်းက စိတ်မကြည်တဲ့အချိန်များ ဖြစ်နေသလားလို့.....

မွေးစာရင်းထဲ ထည့်တုန်းက အဲ့နာမည်​တွေ
အများကြီးရှိတဲ့ကြားက နှစ်စက္ကန့်ထက် ပိုမစဉ်းစားဘဲ ပေးလိုက်တဲ့ နာမည်က " နင်းဝူဝူ "တို့ " နင်းအမှိုက် "တို့ ဖြစ်မနေခဲ့တာ သိပ်ကံကောင်းတယ်....နို့မို့သာဆို လူ့အသိုင်းအဝိုင်းကြားမှာ ခက်ခက်ခဲခဲရှင်သန်နေရတော့မှာ.....

ပြီးတော့ အမေ ငါ့ကို အရမ်းမုန်းရတဲ့ အကြောင်းအရင်းကလဲ လွန်ခဲ့တဲ့နှစ်တစ်ရာလောက်က အစပြုခဲ့တာပါ.....

မျောက်ဝံတွေအဖြစ်ကနေ အသိဉာဏ်ရှိတဲ့ လူသားတွေအဖြစ် ဆင့်ကဲ့ပြောင်းလဲလာဖို့ နှစ်သန်းပေါင်းများစွာ အချိန်ကြာမြင့်ခဲ့ကြောင်း ဒါဝင် (Charles Darwin)  ဘယ်တုန်းကမှ စိတ်ကူးမယဉ်ခဲ့သင့်ဘူး....

လွန်ခဲ့တဲ့နှစ်တစ်ရာလောက်က လူသားတွေရဲ့ ဆင့်ကဲပြောင်းလဲမှုလမ်းစဉ်ကို " c20 " ဗိုင်းရပ်စ်ပိုးက ဝင်ရောက်နှောက်ယှက်နေခဲ့တယ်....လူသားတွေရဲ့ စနစ်တကျဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်ကြောင့် " c20 " ပိုးက ရှင်းလင်းတဲ့လမ်းကြောင်းကနေ သွေဖယ်ပြီး ဆိုးဝါးကြမ်းတမ်းပြီး အန္တာရယ်များတဲ့လမ်းကြောင်းပေါ် ရောက်သွားခဲ့လေတယ်.....

A wound in my heartWhere stories live. Discover now