112

10.5K 1.6K 109
                                    

{Unicode}

"အပြစ်ပေးခြင်း"

ရန်ကျားလိသည် ထိုကွာရှင်းခွင့် လျှောက်လွှာကို မြင်သည်နှင့် ဖျတ်ခနဲ အတွေးသုံးခု ဝင်လာသည်။

ဦးနှောက်ထဲ ပထမဆုံး ပေါ်လာသည့် အတွေးမှာ___စောက်ကျိုးနည်း ငါအင်္ဂလိပ်စာ ညံ့တာကို မင်းက လိုက် Bully နေပြန်ပြီ ဟုတ်လား။

ထိုအတွေး ပျောက်ကွယ်သွားပြီးနောက် လက်ထဲမှ ပါးလွှလွှ ကွာရှင်းခွင့်လျှောက်လွှာကို ကြည့်ရင်း နှလုံးသားထဲတွင် ရုတ်တရက် ချီတုံချတုံနှင့် ပျော့ခွေ့သွားရပြန်သည်။

အမှန်ဆိုလျှင် သူသည် ယဲ့ထင်က သူ့အပေါ်ထားရှိခဲ့သည့် ခံစားချက်များအား သံသယ မဝင်ခဲ့ဖူးပါပေ။

ယဲ့ထင်တစ်ယောက် သူ့လက်မှတ် ထိုးထားသည့် ထိုကွာရှင်းခွင့်လျှောက်လွှာကို ဂရုတစိုက်၊ မျက်လုံးနီရဲရဲနှင့် စက္ကူဘူးထဲ ထည့်လိုက်ပြီး သူ့ထံ ပေးအပ်လိုက်ချိန်တွင် မည်မျှပင် နာကျင်နေသည့် စိတ်ခံစားချက်တို့ ဖြစ်တည်နေမလဲ ဆိုသည့်အကြောင်းကိုပင် သူပုံဖော်ကြည့်လို့ ရနိုင်သေးသည်။

ရန်ကျားလိ၏ လက်ချောင်းများက မဆိုစလောက် တုန်ရီနေပြီး ကွာရှင်းခွင့်လျှောက်လွှာ အရှေ့တွင် နေ့တစ်ဝက်လောက် ငေးကြောင်နေခဲ့သည်။

သူ အသိပြန်ဝင်လာသောအခါ သူ့ဦးနှောက်ထဲတွင် တတိယမြောက် အတွေးတစ်ခု ပေါ်လာပြန်သည်___ဒါကရော ယဲ့ထင်ရဲ့ လုပ်ထုံးလုပ်နည်းတွေထဲက တစ်ခုပဲ မဟုတ်ဘူးလား။ သူ့ အစီအစဥ်တွေထဲက ဥာဏ်နီဥာဏ်နက်တွေ ဖြစ်လောက်တယ် မဟုတ်လား။

ထိုဖြစ်နိုင်ချေကို စဥ်းစားမိသည့်အခါ ရန်ကျားလိ၏ နှလုံးသားထဲတွင် ဒေါသအဟုန်တို့ ရုတ်ခြည်း လှိုင်းထလာသည်။

မကြာသေးခင်က တစ်ခဏလောက် စိတ်ပျော့သွားခြင်းသည်လည်း ယဲ့ထင် ကြိုတင်တွက်ချက်ထားခဲ့ပြီးသား တုံ့ပြန်မှုလည်း ဖြစ်နိုင်သည်။

ထိုအကြောင်းကို တွေးပြီးနောက် ရန်ကျားလိတစ်ယောက် မကျေမနပ် ဖြစ်လာကာ စားပွဲခုံကို ပုတ်ပြီး မတ်တတ်ထလာသည်။ အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေရင်း အံကြိတ်လျက် အေးတိအေးစက် လှောင်ပြောင်သရော်သည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now