ep-22🔞🔞🔞

25.4K 437 25
                                    

🌺 ချိုမြိန်သော ဇနီးငယ်လေး 🌺 ( Daddy wife )
                     ( အပိုင်း-22 )

ဖြန်း...

"အမေ့"

ဝါဂွမ်းပါတဖက်ကပူခနဲ့ခံစားလိုက်ရပြီး
အိပ်ယာပေါ်မှောက်ရက်ကျသွားလေသည်

"သမီး..အကိုတော်ပါတော်အကိုရယ်"

"ငါတို့မှာတော့ စိတ်ပူလိုက်ရတာ
မင်းသမီးက ဟိုအကောင်နဲ့
ခွေးဇာတ်ခင်းနေတာကွ"

ဝါဂွမ်းကိုဖတ်ကာ မေမေကငိုနေပြီး
မျက်ရည်များကိုလက်နဲ့သုတ်ရင်း
​ဝါဂွမ်းအံကိုတင်းတင်းကြိတ်ထားမိသည်

"သမီးကို ဒီလိုရိုက်နှင့်ရင်လဲ ကျမသမီးလေးပဲ
နာကျင်ရမှာပေါ့အကို..
ဖြစ်ပြီးသွားတာတွေကို ဘာတတ်နိုင်မှာလဲ"

ဦးမြတ်ကျော် ခါးကြီးထောက်ကာ
ဝါဂွမ်းကိုလက်ညိုးငေါက်ငေါက်ထိုးပြီး..

" နောက်တခေါက်ငါ့ရှေ့မှာ အဲ့ကောင်အကြောင်း
ထွက်ရဲထွက်ကြည့်.. ငါကိုယ်တိုင်
နင့်ကိုသတ်မယ်ဝါဂွမ်းပုံ"

ကြိမ်းဝါကာဖေဖေ ဝါဂွမ်းအခန်းထဲမှ
ထွက်သွားလေသည်..
ဝါဂွမ်း မငိုနိုင်တော့ပါ ငိုရလွန်းလို့
မျက်ရည်တွေလဲခမ်းခြောက်နေပြီထင်ပါရဲ့

" သမီးဖေဖေကို စိတ်မဆိုပါနဲ့
ရုတ်တရင်ကြီးဆိုတော့ သူ လက်မခံနိုင်ဖြစ်သွားတာပါ
သမီးဖေဖေ သမီးကိုဘယ်လောက်ချစ်လဲ
ဆိုတာလဲ သမီးသိတယ်ဟုတ်"

"ဖေဖေကဘသမီးကိုမချစ်ပါဘူး
မေမေ..ဖေဖေကသူအတ္တကိုပဲသူချစ်နေတာပါ
ဒါတွေကိုမေမေလဲ သိတယ် "

"သမီးလေးရယ်"

ပုံဏ္ဍမီ အရိုးပေါ်အရေတင်နေတဲ့
သမီးဖြစ်သူကို ကြည့်ကာ သက်ပြင်သာရှမိသည်
ဒါတွေအားလုံး က သူတို့အပြစ်တွေပါ
ဒါကိုနှလုံးသားနုနယ်တဲ့ သူမ သမီးလေးက
ဓားစားခံဖြစ်ရပြီ..

" အနားယူလိုက်သမီး စိတ်ဆင်ရဲစရာတွေလဲ
သိပ်မတွေးနဲ့ မဟုတ်ရင် သမီးဗိုက်ထဲက
ရင်သွေးလေးပါ နေထိုင်မကောင်း
ဖြစ်လိပ်မယ်.."

"ဒါလေးတော့ကုန်အောင်သောက်လိုက်
နော်သမီးလေး"

မေမေပေးသော စွတ်ပြုတ်ပန်ကန်လေးကို
စိုက်ကြည့်ရင်း..

Daddy wife(Completed)Where stories live. Discover now