Part 7(Zaw)

441 13 0
                                    

"ဒီ​နေရာ​သေချာပါတယ်​​နော်​ "

အ​ရှေ့က​နေ ခပ်​သုတ်​သုတ်​သွား​နေတယ့်​ felix က အ​နောက်​မှလိုက်​​နေတယ့်​ Hyunjin ကိုကြည့်​ရင်း​မေးသည်​ ။ Hyunjin ​ခေါင်းညိတ်​ပြလိုက်​ပြီ

"မ​နေ့က ​လှေ​ပေါ်မှာ အိမ်​လိပ်​စာ ကပ်​​ထားတယ့်​ ​နေရာပဲ "

Felix က ​ခေါင်းညိတ်​ရင်း အ​ရှေ့က​နေ ဆိပ်​ကမ်း ဘက်​ကအိမ်​​တွေကို ရှာ​နေ​လေသည်​ ။ ဝတ်​ထားတာက လည်း အင်္ကျီ လက်​ပြတ်​ ၊ ​ဘောင်းဘီကလည်း တိုတို ဒီ​ကောင်​​တော့ ဖျား​တော့မယ်​ ၊ ​နေ့ဘက်​က အခုဆိုပူ​နေတာ မို့ အပူရှပ်​ရင်​လည်း တစ်​ပူ​ပေါ်နှစ်​ပူဆင့်​အုန်းမယ်​ ၊ ငါကလည်းငါ ဘာ​ကြောင့်​ သင်းအကူအညီသွား​တောင်​မိပါလိမ့်​ ကိုယ်​ဘာသာ တိတ်​တဆိတ်​ ရှာလိုက်​ရင်​​တောင်​ဟုတ်​​သေးတယ်​ ၊ အခု​တော့​နေပူပူကြီးထဲ ထီးမပါဘာမပါနဲ့သူ့​နောက်​လိုက်​​နေရပြီ ၊ ​တွေး​နေတုန်းတန်းလန်​ပင်​ အ​ရှေ့က felix ကဘုတ်​ခနဲ့ဆိုပြီ ​ချော်​လဲကျ သွားသည်​ ။ Hyunjin တစ်​ခုခုဖြစ်​သွားတာများလာဟု ​တွေးလိုက်​​ပေမဲ့ felix က သဲပုံ​ပေါ်​ချော်​လဲတာနဲ့ အတင်းပြန်​ထရင်း သူ့ကိုခလုတ်​တိုက်​တယ့်​ သစ်​ ငုတ်​ကို ကျိန်​ဆဲ ​နေ​လေတာ​ကြောင့်​ ဘားမှမဖြစ်​​သေးဘူး ဆိုတာသိရင်း သူ့အဖြစ်​ကိုရယ်​မိသည်​ ။ Hyunjin ရယ်​​တော့ ရုပ်​ကဆူပုတ်​ပုတ်​ဖြင့်​ ကိုယ့်​ဘက်​လှည့်​လာကာ  သဲနဲ့လှမ်းပတ်​ပြီး ​ခွေးမသားဟု ကိုယ့်​ကိုဆဲဆိုသွားသည်​ ။ Hyunjin ရယ်​ရင်းသာ သူ့အ​နောက်​လိုက်​​နေတုန်း ကိုယ်​ရပ်​​နေတယ့်​ အိမ်​​ရှေ့က ညက ​တွေ့ခဲ့တယ့်​ လိပ်​စာ ဖြစ်​တာကို ​တွေ့သွားပြီ အ​ရှေ့က ​ဘောက်​ဆက်​ဆက်​​ပြောကာသွား​နေတယ့်​ felix ကိုလှမ်း​ခေါ်လိုက်​သည်​ ။

"​ဟေ့​ကောင်​ ကြက်​ဥ ၊ အိမ်​ကဒီမှာ​လေ ဘယ်​​တွေသွား​နေတာလဲ "

Hyunjin ရယ်​ရင်း ​ခေါ်လိုက်​​တော့ အ​နောက်​လှည့်​လာလာပြီး ကိုယ့်​အနားသို့လာသည်​ ။ ရုပ်​ကလည်း နီးမြန်​လို့ ခရမ်းချဉ်​သီး​လေး ကြ​နေတာပဲ ၊ Hyunjin ​တွေးမိပြီးပြုံး​တော့ felix က အပြုံးမရှိမျက်​​မှောင်​ကုတ်​စွာ Hyunjin ကိုကြည့်​ရင်း

A little devil (Hyunlix) Where stories live. Discover now