Part 26 (U/Z)

1K 90 7
                                    

Han jisung ဆိုင်ကယ်သော့ကို လှည့်ကာ နှိုက်ကလပ်ထဲကနေ ဟန်ပါပါနဲ့ ထွက်လာခိုက် ဝုန်းခနဲအသံနဲ့အတူ ကိုယ်ဆိုင်ကယ်ထားရာ ပါကင်က လာတယ့်အသံတစ်ခုကြောင့် သွားပြေးကြည့်လိုက်သည် ။ ထိုအခါဝယ် ကိုယ့် ဆိုင်ကယ် အသစ်တစ်စီး လုံးလုံးဟာ သူများ‌ကားအောက် ထဲ အငွေ့တပျံပျံဖြင့်ရောက်နေလေတာကို ပါးစပ်အဟောင်းသားဖြင့် တွေ့လိုက်ရတော့သည် ။ Han ကိုယ့်ဆိုင်ကယ်အနားအမြန်သွားရင်း ငုတ်တုပ်ကလေး ထိုင်လိုက်ကာ တုန်တုန်ယင်ယင်ဖြင့် ကြည့်လိုက်သည် ။

"သွားပါပြီ ကွာ ငါ့ဆိုင်ကယ်လေး အမေ့ဆီက နေ နှစ်ရက်နဲ့တစ်ည နားအပူခံပြီးတောင်ထားတာကို …"

"ရလား ကလေး ? အဲ့ဒါမင်းဆိုင်ကယ် လား?"

ဒါ အခုငါ့ဆိုင်ကယ် ကို ကြုံးတယ့် ခွေးသတောင်းစားပဲနေမယ် ၊ ကားပေါ်က ဖိနပ်ချသံနဲ့အတူ ပြောလာတယ့် စကားကြောင့် Han အံကြိတ်စဉ်းစား လိုက်သည် ။ ဒီဘဲကြီးတော့ ငါ့လက်ချက်နဲ့တွေ့ပြီ ၊ တွေးလည်းတွေ ထရပ်လိုက်ကာ ထိုလူကိုကြည့်လိုက်သည် ။

"ဟုတ်တယ် အဲ့ဒါကျွန်တော့်ဆိုင်ကယ် ၊ ခင်ဗျား ဘယ်လိုလုပ်ချမိလိုက်လဲဆိုတာ သိသလား ၊ ခင်ဗျား မျက်စိ မပါလို့ဆိုင်ကယ် တစ်စီးလုံးကို ဝင်ကြုံရတာလား ဟမ် ! "

ခန့်ခန့်ညားညား မျက်နှာထောင့်ကျကျနဲ့ ထိုလူက အများအမြင်မှာဆိုရင်တော့ နှစ်ခါပြန်လှည့်ကြည့်ရမယ့် ရုပ်ရည်မျိုးကိုပိုင်ဆိုင်ထားပေမဲ့
Han အမြင်မှာတော့ မျက်ခွက်ကိုလက်သီးနဲ့ လေးဆင့်ချက်ပိတ်ထိုးချင်စရာ မျက်နှာမျိုးကို ပိုင်ဆိုင်ထားသည် ။ ထိုလူက သူ့ကားအနက်ကြီးအောက်က ကိုယ့်ဆိုင်ကယ်ကို တစ်ချက်ကြည့် ရင်း ပြုံးသည် ။ ပြီးနောက် ကိုယ့်ကို သူ့ကြောင်မျက်လုံး တို့ဖြင့် ကြည့်ကာ

"ကိုယ် မှားတာ မဟုတ်ဘူးဆို ကလေးက ဘယ်လိုလုပ်မလဲ ?"

"ဘာရယ် ! ခင်ဗျား တော်တော် အတင့်ရဲပါလား ကားတစ်စီးလုံးက ကျွန်တော့် ကောင်မလေး(ဆိုင်ကယ် ) ပေါ် ရောက်နေပြီး မှ ပြောတယ့်စကားက ဘာရယ် ? ခင်ဗျား မှားတာမဟုတ်ဘူး ! ဟုတ်လား $ခွက်ပြောင်တာ တော်ရုံတန်ရုံပဲကောင်းတယ် ဟေ့လူ  ခင်ဗျား ကျွန်တော်နဲ့ရဲစခန်းလိုက်ခဲ့ ၊ အဲ့ဒါမှခင်ဗျားထွက်မပြေးပဲ ကျွန်တော့်ကောင်မလေးအပေါ် တာဝန်ယူရဲမှာ"

A little devil (Hyunlix) Donde viven las historias. Descúbrelo ahora