Part 20(U/Z)

1.4K 116 0
                                    

Uni

စိုရွှဲရွှဲ လမ်းမထက် hyunjin ထီးအနီရောင်လေး ကိုကိုင်ကာ ကျောင်းဝန်းထဲဝင်လာတုန်းမှာပင်
မလှမ်းမကမ်က ကားအနီရောင်တံခါးလေးထဲကနေ အပြင်ကို လှမ်းမျှော်ကာ ထွက်ဖို့သယောင်ပြင်နေတယ့် ခေါင်းဝါဝါ လေး ၊ မှန်တံခါးအမဲကို မျက်လုံးလေးပေါ်ရုံမှ ချထားကာ အပြင်သို့လှမ်းချောင်နေတယ့် ထိုမျက်ဝန်းနက်နက်လေးဟာ ဘယ်သူဘယ်ဝါ မှန်းခန့်မှန်းလို့ရပါသည် ။
မိုးရွာလို့ မိုးတိတ်အောင်စောင့်နေတာနဲ့တူတယ် Lix ရဲ့ မျက်လုံးလေးတွေက မိုးတိတ်အောင် မိုးနတ်မင်းကြီးကိုဆုတောင်းနေသလိုလို
Hyunjin ထိုကားနားသို့ သွားဖို့ ခြေလှမ်းရွှေ့လိုက်ရုန်ပဲရှိသေးတယ် Lix ကားနားသို့ ထီးတစ်ချောင်းကိုကိုင်ကာ ရောက်လာတယ့် လူတစ်ယောက်ကြောင့် hyunjin ခြေလှမ်းတို့ရပ်တန့်မိသည် ။ ထိုလူဟာ မည်သူမျှ မဟုတ် jisung ပင် ၊ Han jisung က ထီးကိုကိုင်ရင်း Lix ကားနားကို သွားကာ အထဲက lixed ကို လက်ပြနှုတ်ဆက်သည် ။ Lixed ကလည်း Han လာတာနဲ့ မျက်လုံးလေးတို့ဝင်းလဲ့သွားပြီး ကားတံခါးကိုဖွင့်ကာ Han ကိုရယ်မော်စွာ စကားပြောပါသည် ။ ပြီးနောက်နှစ်ယောက်သား ထီးတစ်ချောင်းထဲကို အတူတူ ကိုင်ရင်း ကျောင်းဝန်းထဲသို့ဝင်သွား၏ ၊ ဒါကို ကြည့်ပြီး ကျောင်းပြင်ပ တံခါးအနားက hyunjin ကတော့ ကိုင်ထားတယ့်ထီးကို ကျစ်ကျစ်ပါအောင် ဆုပ်လို့ ၊ hyunjin အခုတစ်လော ဘာတွေဖြစ်နေမှန်းမသိပါ ၊ Lix နဲ့ပက်သက်လာရင် sensitive ဖြစ်မှုတွေက အခုနောက်ပိုင်း ပိုများလာသည် ။ ငါ Lix ကို ချစ်မိနေတာတော့မဟုတ်ပါဘူးနော် ၊
ရင်ခုန်တာနဲ့ ချစ်မိတာမဟုတ်သေးဘူး hyunjin မင်းအချိန်ယူပြီး သေချာစဉ်းစားအုန်း
ကိုယ့်ရင်ထဲက အဖြေက ဘာလဲဆိုတာ သေချာဆန်းစစ်ကြည့်အုန်း
အခုတော့ ရင်ထဲက ပူလောင်နေတာ ကိုယ်တိုင်သိ၏ ၊ hyunjin ခေါင်းကိုခါလိုက်ကာကျောင်းဝင်းထဲသို့ဝင်လာလိုက်သည် ။



"Han na "

"ပြောပါ "

Hyunjin ဘောလုံးကို ဖုန်သုတ်နေရင်း စကားကို စလိုက်ပေမဲ့ဘယ်ကနေ ဘယ်လို စတင်ရမှန်းမသိပေ ၊ Han ကတော့ ကိုယ့်နည်းတူစွာ ဘောလုံးကိုသုတ်နေရင်း သီချင်းလေညည်းနေလေသည် ။ basketball ကွင်းရုံကြီးမှာ ဆရာက ခိုင်းထား၍ hyunjin တို့လို အလုပ်မရှိ အကိုင်မရှိလေလွင့်နေတယ့် ကျောင်းသားတွေက ကောက်တိုမယ်ရ လာလုပ်ပေးနေရ၏ ၊ အားကစား အချိန်မို့ အားကစားဝတ်စုံတွေကလည်း ဝတ်ထားရသေးသည် ။ hyunjinတို့ ဘေးဘက်တွင်တော့ ကျောင်းသူ ကျောင်းသား အများစုက လေ့ကျင့်နေကြတယ့်ပင်တိုင် basketball teamကို အားပေးနေကြတာဆူညံလို့
hyunjin ဘောလုံးသုတ်နေရင်းက Han အရိပ်အခြေကို ကြည့်ကာ

A little devil (Hyunlix) Where stories live. Discover now