part 💚14💚

70 4 0
                                    

(Zawgyi )

အတိတ်ကပြတဲ့ ရုပ်ရှင်ပိတ်ကားချပ်ပေါ် တဖြည်းဖြည်းနဲ့ နစ်ဝင်နေရင်းက ပတ်ဝန်းကျင်ကို နှိုင်း သတိထားမိတော့ နေဝင်ပြီး၍ ကောင်းကင်မှာ ကြယ်တွေတောင် ဟိုတစ်စုဒီစု ထွက်ပေါ်နေပေပြီ။

အတွေးကမ္ဘာထဲက ရုန်းထွက်လိုက်ပြီး ရေချိုးဖို့ပြင်ဆင်ရင်း လက်ကောက်ဝတ်က
ဒါဏ်ရာကို အမှတ်တမဲ့ ကြည့်မိပြန်သည်။

ဒီလောကကြီးထဲက ထွက်သွားဖို့ ကြံစည်ခဲ့ပေမယ့် ထိုနေ့က သွေးအိုင်ထဲလဲနေသည့်သူ့ကို မြင်သွားခဲ့သည့် ဇေယျာနှင့်နွေယံတို့ကောင်းမှုကြောင့် သူမသေခဲ့။ သို့သော်လည်း မဆင်မခြင်လုပ်ခဲ့သည့် သူ့လုပ်ရပ်က "ကလေးကို ထိန်းသိမ်းတာ ​ပေါ့ဆသည်"ဟူသော အချက်တစ်ခုတည်းနှင့် တရားခွင်မှာ ဦးတေဇောက အနိုင်ရသွားခဲ့သည်။
 
နှိုင်း Suicide လုပ်ခြင်းကြောင့် တုန်လှုပ်သွားခဲ့သည့် မေမေဟာလည်း ဦးမိုးမြတ်မင်းနှင့် အဆက်အသွယ်ဖြတ်ခဲ့သည်။ အဆိုးဆုံးကတော့ တီတီငယ်။ သူ့ပြောပြလိုက်သည့် စကားတွေကြောင့် နှိုင်း ဒီလိုဖြစ်တာ ဟူ၍ Psychoရသွားခဲ့သည့် တီတီငယ်ဟာ ယနေ့အထိ နှိုင်းနှင့်ပတ်သတ်လာလျှင် သေးသေးလေးတောင်အထိမခံတော့။ နှိုင်းကိုသည်းသည်းလှုပ် ဂရုစိုက်လေသည်။

နှိုင်းကို သွေးအိုင်ထဲလဲနေတာ မြင်ခဲ့ရတဲ့ နွေယံနှင့်ဇေယျာကတော့ နှိုင်းဒီလိုဖြစ်တာ သူတို့မရှိလို့ဟု ဆိုကာ နွေပိတ်ရက်ရောက်လဲ ကိုရင်မဝတ်တော့သလို နှိုင်းကိုလည်း အချိန်အကြာကြီး ပစ်ထားမရဲတော့ပေ။ တချို့အကြောင်းအရာတွေကို မသိတဲ့ နှိုင်း သူငယ်ချင်းနှစ်ယောက်က ဦးတေဇောကိုတော့ လူယုတ်မာကြီးဟုဆိုကာ နှိုင်းထက်တောင်မုန်းသွားလေသည်။

အတိတ်မှာဘာတွေပဲဖြစ်ခဲ့ပါစေတော့ ။ အရင်လို ရူးမိုက်တဲ့လုပ်ရပ်မျိုးတော့ သူထပ်လုပ်တော့မည် မဟုတ်။ သူ့မှာတွယ်တာစရာတွေက အရင်ကထက်တောင် ပိုလာသည် မဟုတ်လား။ တီငယ်ပြောခဲ့သလိုပေါ့ ဖြစ်ချင်တာထက်ဖြစ်သင့်တာကိုရွေးချယ်ရမည်။ ထိုသို့မဟုတ်ပါက သူချစ်ရတဲ့သူတွေနဲ့ တစ်ခဏတာမဟုတ်ပဲ ထာဝရ ခွဲသွားရနိုင်သည် မဟုတ်ပါလား။

Colourless Love  (Z+U)(Complete)Where stories live. Discover now