115

10.4K 1.5K 87
                                    

{Unicode}

"ကြေကွဲစရာ စစ်မြေပြင်"

ရန်ကျားလိသည် ယဲ့ထင်၏ ရုတ်တရက်ဆန်သော အထိန်းအကွပ်မဲ့မှုကြောင့် ကြောင်အသွားရသည်။

သူသည် ယဲ့ထင်၏ အနည်းငယ် ကွေးတက်နေသော နှုတ်ခမ်းထောင့်နှင့် ကျီစားနေသော မျက်ဝန်းများကို ကြည့်နေရင်း အတော်ကြာမှ အသိပြန်ကပ်သည်။

သူသည် ယဲ့ထင်ထံ လက်ညှိုးကွေးပြလိုက်ပြီး

"လာခဲ့၊ ခေါင်းငုံ့လိုက်"

ယဲ့ထင်သည် ရန်ကျားလိတစ်ယောက် ဘာလုပ်ချင်နေသလဲ ဆိုတာကို နားမလည်သော်လည်း လိလိမ္မာမ္မာနှင့် ရှေ့တိုးသွားစမြဲသာဖြစ်သည်။ ခေါင်းကိုငုံ့ကာ ရန်ကျားလိရှေ့ ကပ်သွားသည်။

ရန်ကျားလိသည် ခြေထောက်ကို အနည်းငယ် ပင့်လိုက်ပြီး ယဲ့ထင်၏ လည်ပင်းကို ဖက်လိုက်သည်။ ပြီးနောက် ယဲ့ထင်၏ နားရွက်နား ကပ်သွားကာ စကားဆိုတော့မည့် အချိန်တွင် နှုတ်ခမ်းလွှာကို ဖွင့်လိုက်ပိတ်လိုက်နှင့် ယဲ့ထင်၏ နားရွက်မှ အာရုံကြောများကို မထိတထိ ကုတ်ဖဲ့သည်။ အပူငွေ့ကြောင့် ယဲ့ထင်တစ်ကိုယ်လုံး မကူနိုင်မကယ်နိုင် တုန်ယင်လာသည်။

ရန်ကျားလိသည် ခပ်နိမ့်နိမ့် ပြုံးလိုက်ပြီး လေသံကိုပါ တမင် တိုးချလိုက်ကာ

"ငါပဲအရင်ဆုံး မင်းရဲ့ခန္ဓာကိုယ်ကို တောင့်တလာမလား။ ဒါမှမဟုတ် မင်းပဲအရင် ငါ့ခန္ဓာကိုယ်ကို တောင့်တလာမလား"

ယဲ့ထင်တစ်ယောက် မျက်လုံး ကျဥ်းမြောင်းသွားသည်။

စကား​ဆိုရန်ပြင်တုန်း ရန်ကျားလိ၏ ပူနွေးနေသော လျှာဖျားက သူ့နားရွက်ကို ထိသပ်နေသည်ကို ခံစားလိုက်ရသည်။ ထို့အပြင် မပြင်းလွန်း မပျော့လွန်းစွာနှင့် တမင်သက်သက် ကိုက်ခဲလိုက်၏။

ယဲ့ထင်၏ အသက်ရှူသံမှာ စက္ကန့်ပိုင်းမျှ ရပ်တန့်သွားပြီး အပူလှိုင်းများ လိမ့်တက်လာသည်။

ရန်ကျားလိသည် သူအသိ ပြန်မဝင်လာသေးခင်မှာပဲ ယုတ်မာစွာနှင့် တံခါးကို ဘုန်းခနဲမြည်အောင် ပိတ်ပစ်လိုက်သည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now