3

576 86 2
                                    

Tokyoကနေ Mieထိ 6နာရီလောက်ကြာအောင် စီးရသောကြောင့် JunKyuတစ်ယောက် ဟိုလှိမ့်ဒီလှိမ့်ဖြစ်လို့နေသည်

ကားနောက်ခန်းက JeongWooကတော့ အိပ်နေသည်မှာ အနေအထားပင်မပျက်

Driver seatက Jihoonမှာ သာ သေချာဂရုစိုက်ပြီးမောင်းနေရသည်

"Jihoonieလိုသေးလား "

"အင်း လိုသေးတယ် အိပ်ပြီးသာလိုက်ခဲ့"

"အိုခေ"

"ဒီလိုဆိုတော့လည်း Park Jihoonက အားကိုးချင်စရာကြီး"

တသက်နဲ့တစ်ကိုယ် တခါမှအကောင်းမပြောဖူးသည့်သူငယ်ချင်းဖြစ်သူကို အကောင်းမြင်မိတာကြောင့် JunKyuကိုယ့်ပါးကိုပြန်ချလိုက်မိသည်

Jihoonကတော့သတိထားမိဟန်မတူ

တအောင့်လောက်ကြာတော့ JunKyuအိပ်ပျော်သွားတော့သည်

-------------------------------
"JunKyu ထတော့ JeongWoo အိမ်ရောက်ပြီ  ထတော့ ဟိတ်ကောင်တွေ"

"အင်...ရောက်ပြီလား"

"အေး"

မျက်လုံးတွေပွတ်သပ်ကာ ကားပေါ်မှဆင်းလိုက်တော့Park Ommonieက ခြံတံခါးဝကစီးကြိုနေသည်

"Ommonie>>>>"

"အမလေး ငါ့သားလေးလွမ်းနေတာ"

"အတူတူပါဘဲနော် ကျွန်တော်လည်းOmmonieကိုလွမ်းလို့ Mieထိလိုက်လာတာ"

"Kim JunKyuပိုချက်"

နှုတ်ခမ်းမဲ့ရွဲ့ကာ Jihoonပြောလာတော့ Ommonieရဲ့မျက်စောင်းက ဒိုင်းခနဲ

JunKyuကတော့ နှုတ်ခမ်းတဆူဆူ လက်သီးတပြင်ပြင်နှင့်

"ပင်ပန်းလာမှာပေါ့ သွားနားချည်ကြတော့လေ"

"Nae... Ommonie"

Ommonieကိုနှုတ်ဆက်ပြီးသည်နှင့် အပေါ်ထပ်က အခန်းဆီသို့ဦးတည်လိုက်သည်

"Jihoonieငါ့အခန်းကဘယ်မှာတုန်း"

"ငါ့အခန်းနဲ့မျက်စောင်းထိုးဘဲ"

"ဒါဆိုသွားပြီ"

အခန်းထဲရောက်တော့ အဝတ်တွေ ဘီရိုထဲထည့်ပြီး ရေချိုးခန်းဝင်လိုက်သည်

JunKyuရေမိုးချိုးပြီး ထွက်လာတော့Ommonieက ညစာစားရန်လာခေါ်သည်နှင့် JunKyuကော Jihoonကော အောက်ထပ်ရှိထမင်းစားခန်းဆီသို့ဆင်းလာလိုက်ကြသည်

Default Title - Spring DiaryWhere stories live. Discover now