19

472 70 26
                                    


မနက်နိုးတော့ အရာအားလုံးက ပုံမှန်လို့ထင်ရပေမယ့် ပုံမှန်ဖြစ်မနေတာက ယိုရှိနဲ့ဂျီဟွန်းပင်

ဂျွန်ဂယူကိုကြည့်ပြီးပြုံးစိစိလုပ်နေကြတာ ဘာဖြစ်တာလဲမသိ

ဂျွန်ဂယူ အဆောင်ပြင်ကိုထွက်ဖို့ပြင်တုန်းမှာ မာရှီဟိုက အဆောင်ထဲကိုဝင်လာခဲ့သည်

မျက်နှာချင်းဆိုင်အနေအထားဖြစ်လို့ ရှီဟိုက ပြုံးပြီးနှုတ်ဆက်တာကို ဂျွန်ဂယူလည်း ပြန်ပြုံးပြလိုက်သည် ဒီအထိတော့ ဂျွန်ဂယူဘာမှမဖြစ်သလိုပင်

ကျောင်းကိုရောက်တော့လည်း အတန်းစဖို့က အရမ်းစောနေသေးတာကြောင့် ဂျွန်ဂယူထိုင်နေကြ ဌာနရှေ့က ခုံမှာဘဲ ထိုင်ဖြစ်သည်

ထုံးစံအတိုင်း အစီအရီစိုက်ပျိုးထားတဲ့ ပန်းပင်တွေကိုကြည့်ရင်း ဟိုတွေးဒီတွေးဘဲပေါ့

ဟိုတွေးဒီတွေးဆိုပေမယ့် ဂျီဟွန်းနဲ့ ယိုရှိရဲ့ပုံမှန်မဟုတ်တာ ကို လည်းခံစားမိနေတာကြောင့် သူဘာအမှားလုပ်မိထားလဲ ဆိုတာကိုလည်းစဉ်းစားလို့မရ

ပုံမှန်ဆို ဂျီဟွန်းနဲ့အတန်းအတူတက်မှာပေမယ့် ရှီဟို ‌ဒီကျောင်းကိုရောက်လာပြီးတည်းက ဂျီဟွန်းနဲ့ရှီဟိုက တစ်ကပ်ကပ်ဆိုတော့ ဂျွန်ဂယူလည်း သူများအတွဲကြားဖျက်လိုဖျက်စီးမလုပ်ချင်တာကြောင့် တစ်ယောက်တည်းထွက်လာမိခြင်းသာ

ညကလည်း ဒီတိုင်းမူးပြီး အိပ်လိုက်မိတာကြောင့် အခုမနက်လည်း ဗိုက်ကအတော်ဆာနေပြီ

နောက်တော့ တောင်စဉ်ရေမရအတွေးကိုရပ်ပြီး ကျောင်းနားက ငါးပေါင်မုန့်ဆိုင်မှာ မုန့် နှင့် နွားနို့ ဝယ်ရန် သွားလိုက်သည်

ဒီငါးပေါင်မုန့်ဆိုင်က ဂျွန်ဂယူတို့အဖွဲ့ ပထမနှစ်ကတည်းက စားနေကြဆိုင်ပင်
ငါးပေါင်မုန့်ကလည်းအရမ်းစားကောင်းသလို ဆိုင်ရှင် အန်တီကြီးလင်မယားမှာလည်း သဘောကောင်းသည် ပထမနှစ်ကတည်းက မနက်စာအဖြစ် နေ့တိုင်းအားပေးလာတဲ့ သူတို့အဖွဲ့ကိုလည်း ချစ်ခင်ရှာသည်

ဒီနေ့တော့ ပထမဆုံးနှင်းကျတာ မလို့လားမသိ ငါးပေါင်မုန့်ဆိုင်ရှေ့မှာ လူတွေကတမ်းစီလို့

Default Title - Spring DiaryWhere stories live. Discover now