12

418 69 7
                                    

ညက အိပ်ယာဝင်တာ နောက်ကျတာကြောင့် ဒီမနက် ဂျွန်ဂယူ ခါတိုင်းနေ့တွေထက် နောက်ကျမှ ထဖြစ်သည် ‌နိုးနိုးချင်း ပြတင်းပေါက်ခန်းစီး လိုက်ကာကို ဆွဲလှပ်ပြီး ပြင်ပပတ်ဝန်းကျင်ကို တစ်ချက်လောက်ငေးကြည့်လိုက်သည်

ပုံမှန်လိုပါဘဲ ဘာမှပြောင်းလဲခြင်းမရှိ မေမေစိုက်ထားတဲ့ ပန်းပင်လေးတွေက လေအတိုက်မှာ ယိမ်းနေသလို ကျေးငှက်ကလေးတွေကလည်း အော်မြည်နေလို့ ဒါနွေဦးနှောင်းပိုင်းရဲ့ အမှတ်အသားတစ်ခု

ဂျွန်ဂယူတို့အိမ်က ကားလမ်းမကြီးဘေးမှာရှိနေတာမဟုတ်တာကြောင့် ကားသံဘာညာ မကြားရ တိတ်ဆိတ်လို့နေသည် ‌

မေမေ့ဆိုင်ကို ကူရအုံးမည်မို့ ငေးနေတာကို ရပ်လိုက်ပြီး ရေမိုးချိုးရန် ရေချိုးခန်းသို့ဝင်လိုက်သည်  ညက စိတ်ညစ်စရာကိစ္စကြောင့် ‌ငိုမိကာနောက်ကျမှ အိပ်ဖြစ်ပြီး အခု အိပ်ယာထနောက်ကျနေတာပင် ဒါတောင်အိပ်ရေးကမဝသေး

မေမေကတော့ ဆိုင်သွားနှင့်လောက်ပြီထင်သည်
ဂျွန်ဂယူ ရေချိုးပြီးနောက် ရှပ်အဖြူလေးနဲ့ ဂျင်းအနက်ရောင်လေးကို တွဲဖက်အဖြစ်ရွေးဝတ်လိုက်သည် နောက်တော့ အပေါ်က လက်ရှည်အဖြူလေးထပ်လိုက်သည်

ဂိုထောင်ကိုစက်ဘီးထုတ်ရန်သွားတော့ ခြံထဲကိုဝင်လာတဲ့ ဂျောင်ဟွမ်နဲ့ မျက်နှာချင်းဆိုင်တွေ့သည် ဒိုဒို‌ဆိုတဲ့ကောင်လေးနှင့် လက်တွဲလာတာဖြစ်သည်

‌ဂျွန်ဂယူကိုမြင်တော့ ဂျောင်ဟွမ်က သွားလေးတွေပေါ်အောင်ထိပြုံးပြလာသည် ဒိုဒိုဆိုတဲ့ကောင်လေးကတော့ 90bow degree နဲ့နှုတ်ဆက်သည်

"ဆိုင်သွားတော့မလို့လား Hyung"

"အေး ဂျောင်ဟွမ်းနီး မင်းအိမ်မှာနေမှာလား"

"ဟုတ် သား ဒိုဒိုနဲ့ အိမ်မှာကစားမလို့"

"အဲ့ဆို ခြံတံခါးပိတ်ထားအုံးနော် ‌ကလေးတွေချည်းပဲမလို့ သော့တော့မခတ်ခဲ့တော့ဘူး"

"ရက်စ်ဆား"

လက်ဝါးစောင်းလေးကို နှဖူးမှာတင်ပြီး ခန္ဓာကိုယ်ကို မတ်မတ်ထားကာ အလေးပြုသလိုလုပ်‌ပြတဲ့ ဂျောင်ဟွမ်ကြောင့် ပြုံးမိသည်

Default Title - Spring DiaryWhere stories live. Discover now