118

9.8K 1.5K 133
                                    

{Unicode}

"ကျွန်တော်က
အရမ်းကို ဖြူစင်ပါတယ်"

ရန်ကျားလိသည် ယဲ့ထင်တစ်ယောက် မိမိအား ဆွဲဆောင်ရန် ရှိသမျှပါဝါ အကုန်ထုတ်သုံးမည်ဟု ထင်နေသည်။

မနေ့ည ထိုအလောင်းအစား ပြီးကတည်းက ယဲ့ထင်တစ်ယောက် အတည်ပေါက်ကြီး ဖြစ်လာသည်။

ရန်ကျားလိသည် နံနက်အိပ်ရာ ထပြီးနောက် ဧည့်ခန်းကို ကျော်ဖြတ်ကာ မီးဖိုချောင်သွားပြီး မနက်စာ ပြုလုပ်ရန်ပြင်သော် မမျှော်လင့်ဘဲ ယဲ့ထင်သည် လက်ဝှေ့ထိုးတိုင်နှင့် ဒိုက်ထိုးကူရှင်ကို ဧည့်ခန်းထဲ ရွေ့ထားသည်ကို တွေ့လိုက်ရသည်။ စံအိမ်၏ အားကစားခန်းထဲတွင် မဟုတ်တော့ဘဲ ဧည့်ခန်းထဲတွင် မြန်မြန်ဆန်ဆန် အသက်ရှူရင်း မနက်လေ့ကျင့်ခန်း လုပ်နေသည်။

အနက်ရောင် အောက်ခံဘောင်းဘီနှင့် ကိုယ်လုံးတီး အပေါ်ပိုင်း။

ယဲ့ထင် လက်ဝှေ့ထိုးချိန်တွင် ဝံပုလွေတစ်ကောင်အလား လျင်မြန်သွက်လက်ပြီး ကျားတစ်ကောင်အတိုင်း ကြမ်းတမ်းရက်စက်သည်။ ခန္ဓာကိုယ်အပေါ်ပိုင်းမှ ကျစ်လျစ်သန်မာသော ကြွက်သားမာဆယ်များကို ချွေးအလွှာက ဖုံးအုပ်နေပြီး တောင့်တင်းခိုင်မာသော ရင်အုပ်နှင့် ဝမ်းဗိုက်ကြွက်သားသည် ချွေးပူများ​ စိမ့်ဝင်နေမှုကြောင့် တောက်ပနေ၏။ ပြီးပြည့်စုံကာ အရောအနှော မရှိသည့် ယောက်ျားဟော်မုန်း အနံ့အသက်တို့က ထက်ထက်သန်သန် အုံကြွနေသည်။

ရန်ကျားလိသည် တစ်ဖက်တွင် ရပ်လိုက်ပြီး တည်ငြိမ်သလို၊ အာရုံဝင်စားနေသလိုနှင့် ထိုမာဆယ်ရှိူးကို ကြည့်လိုက်သည်။

ယဲ့ထင်သည် လက်ဝှေ့ထိုးပြီးသောအခါ အပြုံးကို ပန်ဆင်လိုက်ပြီး

"ပေါင်ပေါင်း၊ နိုးပြီလား"

ရန်ကျားလိသည် နှုတ်ခမ်းတွန့်ကာ သရော်ပြုံးပြုံးသည်။

"မနက်အစောကြီး၊ အဲ့လောက် ပြင်းပြင်းထန်ထန် လေ့ကျင့်နေတာ၊ အားထုတ်မှုက မဆိုးဘူးပဲ"

ယဲ့ထင်သည် ဖျော့တော့တော့နှင့် အင်းဟုအသံပြုလိုက်ပြီး

"ဖြစ်သင့်ပါတယ်"

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now