Ten ❤ Uni

1K 92 13
                                    

သေအံ့မူးမူးဖြစ်ခြင်း၏ နာကျင်မှုကို မေ့ပျောက်ခြင်း...

အသစ်တဖန်ရှင်သန်ထမြောက်စေခြင်းတို့ကို

အဆုံးမဲ့ ချစ်ခြင်းတရားမှ ဖြည့်စွမ်းနိုင်စေ....
.
.
.
.
.
.
.
.
.

သေသပ်စွာစည်းနှောင်ထားသော ဆံကျစ်ငယ်၏ရှေ့.. နက်မှောင်ပြောင်လက်နေသည့် နှဖူးစည်းပိုးဖဲစကို အနီရောင်ရဲရဲတောက်သော ပတ္တမြားအဆင်တန်ဆာဖြင့် ဗဟိုပြုထားသည်။

ရှားညိုရောင် ပိုးသားဝတ်စုံက လေအလွင့်မှာ တဖြတ်ဖြတ်လူးလွန့်လျက်ရှိသလို အဖိုးတန်ကျောက်စီဓား၏လက်ကိုင်မှ စက်ဝိုင်းပုံအဆင်တန်ဆာသည်လည်း လေနှင်ရာမျောလွင့်လျက်ရှိသည်။

လဆန်းသုံးရက်နေ့ည၏ လခြမ်းငယ်က တိတ်ဆိတ်လျက်ရှိသော ဝါးရုံတောကို အလင်းကောင်းစွာမပေးနိုင်။ သစ်ရွက်ခြောက်များလွင့်ပါသည့် တရှပ်ရှပ်အသံက ရံဖန်ရံခါထွက်ပေါ်လာပြီး ခြောက်ခြားစရာအချို့ကိုသယ်ဆောင်လာဟန်ရှိသည်။

အချိန်ကား လီယွန်းမင်းဆက်နန်းစံ၍ ငါးနှစ်ခန့်ကြာအပြီး မင်းသား လီဂျွနး်၏ပုန်ကန်မှုကြောင့် တိုင်းရေးပြည်ရာ မငြိမ်မသက်ရှိနေချိန်ဖြစ်သည်။

မင်းကြီးလီယွန်းနန်းမတက်မီက ညီတော် လီဂျွန်းကိုအိမ်ရှေ့အရာပေးမည့်အရိပ်အယောင်သာပြ၍ တကယ်တမ်းနန်းတက်ချိန်တွင်မူ ညီတော်ထက်ပိုပြီး အိမ်ရှေ့မင်းအရာနှင့်ထိုက်တန်သော၊ လက်ရုံးရည် နှလုံးရည်ပြည့်ဝသည့် သားတော်မောင် လီယောလ်ကို အိမ်ရှေ့စံရာထူးပေးခဲ့သည်။

လီဂျွန်းမှာ မင်းအမိန့်ကိုမတော်လှန်နိုင်သောကြောင့် ဘုရင်နှင့်အိမ်ရှေ့မင်းသားတို့ သတိမထားမိသည့် တနေ့နေ့တွင် နန်းရနိုင်ရေးအတွက် အချိန်ကောင်းကိုစောင့်ကာ တိတ်တဆိတ် လူသူအင်အားစုဆောင်းနေခဲ့သည်။

ထိုအကြံကို မင်းသားလီယောလ်ကရိပ်မိပြီး လူယုံများဖြင့် နောက်ယောင်ခံလိုက်ခိုင်းရာတွင် လီဂျွန်၏ အကြံအစည်များ ဖုံးမရနိုင်အောင်ပေါ်တော့သည်။ စီစဉ်ထားသောအရာများ ကမောက်ကမဖြစ်၍ ကိုယ်တိုင်ပုန်းရှောင်နေရသော်လည်း အကြံကြီးသော ဦးရီးတော်က လီယောလ်၏ တစ်ခုတည်းသောအားနည်းချက်ကို ရိပ္မိသူပီပီ လီယောလ် တန်ဖိုးထားချစ်ခင်ရသော အပါးတော်မြဲဘတ်ဟျွန်းကို လှည့်ဖျားဖမ်းဆီးကာ နန်းတော်၏အဝေးတနေရာသို့ ခေါ်ဆောင်သွားခဲ့သည်။

You've reached the end of published parts.

⏰ Last updated: Feb 18, 2022 ⏰

Add this story to your Library to get notified about new parts!

Always 💜 ( Z+U )Where stories live. Discover now