Seven ❤️ Uni

2.1K 314 40
                                    

သစ်ရိပ်ဝါးရိပ်တို့ဖြင့်အေးမြနေသော သစ်သားအိမ်ငယ်လေးရဲ့ အိမ်ရှေ့ကွပ်ပျစ်ပေါ်မှာ ချည်သားဝတ်စုံအဖြူရောင်လေးနဲ့ Baekhyun ထိုင်နေသည်။ ပုခုံးကျော်ထိရှည်သော ဆံသားတွေကို မထုံးဖွဲ့ထားပဲ အဝါရောင် ပိုးသားပုဝါစလေးနဲ့ စည်းနှောင်ထားတာမို့ လေအဝှေ့မှာ တရွေ့ရွေ့လွင့်ပါနေသော ဆံစတွေက သူ့မျက်နှာကို တခါတရံလာရောက်ကျီစယ်ခဲ့နေသည်။

လက်ထဲကကြိမ်ခြင်းလေးထဲမှာတော့ ပန်းသီး လိမ္မော်သီး မက်မွန်သီး အစရှိသော အသီးအနှံမျိုးစုံရှိနေသည်။ သစ်သီးလေးများကို နောက်တခါပြန်ရေတွက်ကြည့်တော့ ငါးလုံးတိတိ...ဒါဆို သခင်လေး ယူစားသွားတာလား...မစားသွားတာလား သူမဝေခွဲတတ်ပြန်။ ဟိုးတနေ့က သခင်လေး ဝယ်ကျွေးခဲ့တာ ဆယ့်ငါးလုံး...သူစားတာ ကိုးလုံး...ဒါဆို နောက်တလုံးက သခင်လေးမစားလို့ ဘယ်သူစားမလဲ။

မေးတော့လည်း သခင်လေးက မစားဘူးလို့ငြင်းတယ်။ ဒါပေမယ့် အသီးတလုံးပျောက်နေတာဘာလို့လဲ။ ခြံဝင်းက ဆူးခက်ဝါးခြုံတွေနဲ့ သေချာလုံအောင်ခတ်ပြီးသား ...တံခါးကလည်း သော့နဲ့မှဖွင့်ရတဲ့ဟာ။ ဒီအိမ်ကို စပြောင်းလာကတည်းက သခင်လေးကလွဲပြီး ဘယ် သူစိမ်းမှအဝင်မခံခဲ့ဖူးတာကြောင့် အသီးသူခိုးနာမည်တပ်ဖို့ မတရားတွေခက်ခဲနေပါပြီနော်။

" ဟာ...ဟင်းအိုးတည်ထားတာ မေ့တော့မလို့ "

အပြေးပြေးအလွှားလွှားနဲ့ မီးဖိုချောင်ထဲရောက်သွားတော့ တည်ထားတဲ့ ဟင်းအိုးကြီးက ပွက်ပွက်ဆူပြီး ဝေတောင်ကျနေပြီ။ ယောက်မ အကြီးကြီးနဲ့ အဝေးကနေလှမ်းထိုးလိုက်တော့ အိုးအဖုံးတော့ပွင့်သွားပါရဲ့...နဲနဲလေးဟသွားရုံမို့ ဟင်းရည်က ဝေကျနေတုန်းပဲ။

" ဂလွမ် !! "

" Omoni.. ကယ်ပါ !! "

ယောက်မနဲ့မရတော့ ပိုရှည်တာတခုခုလိုက်ရှာရင်း ပျာယာခတ်နေတဲ့အချိန်မှာ မျက်စိရှေ့ရောက်လာတာက ခြံထဲမှာလှဲတဲ့ တံမြက်စည်းတချောင်း...

ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတဲ့ အရေးပေါ်အခြေအနေမို့ တံမြက်စည်းကြီးကိုင်ပြီး အိုးအဖုံးကို ထိုးချလိုက်တဲ့အခါ အောင်အောင်မြင်မြင်ပွင့်သွားတာမို့ဝမ်းသာနေရုံလေးရှိသေး..အရှိန်မထိန်းနိုင်ပါပဲ တံမြက်စည်းမွှေးတွေက ဟင်းအရည်နဲ့ထိ...ထိ..

Always 💜 ( Z+U )Where stories live. Discover now