Unicode
August 29,1921 In Korea
"အို...သားငယ်ရယ် အမေစိတ်မချပါဘူး"
"ကျွန်တော်အမြန်ပြန်လာမှာပါအမေ"
"Kim Taehyung!"
"ကြည့်..အမေကတော့"
စိတ်မချသဖွယ်ဖြစ်နေသော အမေဖြစ်သူဟာ နာမည်အပြည့်အစုံကို အော်လိုက်ရင်း စူးစိုက်ကြည့်နေခဲ့သည်။
"ဟူးး"
Taehyung လည်း သက်ပြင်းကိုအသာလေး ချလိုက်ရင်း အမေဖြစ်သူ၏ လက်နှစ်ဖက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ကာ ပြောလာသည်။
"ကျွန်တော်မသွားလို့မရဘူးလေ အမေ"
"ကျွန်တော်တို့ ဒီနိုင်ငံက ထွက်ဖို့လမ်းကဒီတစ်နည်းဘဲရှိတာ"
"အန္တရာယ်များတယ်သားရယ်"
"ကျွန်တော် ရထားနဲ့ဘဲသွားမှာပါအမေ။ဟိုဘက်က ပွဲစား တွေနဲ့အကုန်ချိတ်ပြီးသွားပြီ"
မိခင်ဖြစ်သူ၏ မျက်လံုးထောင့်တွင် အရည်ကြည်လေးများ တစ်စွတ်စွတ်စိုရွှဲလာကာ Taehyung ကိုမျက်နှာချင်းဆိုင် ဂရုဏာသက်သော အကြည့်ဖြင့်ကြည့်နေသည်။
"အမေနဲ့ကျွန်တော် ဒီနိုင်ငံကနေထွက်ပြီးကောင်းကောင်း မွန်မွန်နေကြမယ်လေနော်...နော်"
"ကျွန်တော့ကိုကတိပေးပါ"
ဆုပ်ကိုင်ထားသော အမေအို၏ လက်ကလေးကို ကြည့်လျက် တွဲကျနေသော အရေပြားတို့ဟာ အသက်ကြီးခြင်းကို ကိုယ်စားပြုခဲ့ပေမယ့် Taehyung အမေမှာတော့ ထိုတစ်သက်တွင် ပျော်ရွှင်မှုဆိုသည်ကို မရရှိခဲ့။အမေ့အတွက် ပျော်ရွှင်မှုကို ကျွန်တော် ဖန်တီးပေးချင်တယ်အမေ။
"Taehyung ahh...အမေ့ကိုကတိပေးပါ ဘေးကင်းကင်းနဲ့ ပြန်လာနိုင်မယ်လို့"
"ကျွန်တော်ကတိပေးပါတယ်"
ဆုပ်ကိုင်ထားသော လက်တို့တွင် အရည်ကြည်လေးများ ဖြေးညှင်းစွာကျလာရင်း Taehyung အမေဟာ taehyung ကိုအားကိုးတကြီးဖြင့် ပွေ့ဖက်လိုက်သည်။
*တီ...တီ..တီ*
"ဟယ်လို...jeon jungkook ပြောနေပါတယ်"
"Hyung"
YOU ARE READING
Behind the past {အတိတ်ရဲ့နောက်ကွယ်}