Unicode
"အာ့!"
"ဒီနေ့ကံဆိုးလှချည်ရဲ့"
ရုတ်တရပ်ဝင်တိုက်မိ၍ ရေရွတ်နေသော ကလေးငယ်ကို jungkook ခါးလေးကိုင်းညွတ်ကာ ကြည့်မိပေသည်။
"ဒီကကလေးငယ်"
"ဘာ...အကျွန်ုပ် ကလေးမဟုတ်လေသရော့"
"ဒါဆို ဘယ်လိုခေါ်ရမယ်ဘိ"
Coat အရှည်ထူထူကြီးကို ထပ်ဝတ်ထားကာ အပြားပုံသဏ္ဍာန်ဦးထုပ်ကို စောင်းထားသော အသက်ခပ်လတ်လတ်လူရွယ်ကို taehyung ခေါင်းကလေးမော့ကာကြည့်နေမိသည်။ခပ်ချိုချိုအပြုံးသွယ်သွယ်တို့ဟာ ခင်ပျိုကညာတို့ကို ဖမ်းစားနိုင်သည်ထင်ပါဘိ။ထို လူရွယ်ကို taehyung မော့ကြည့်ကာ အံ့အားသင့်သွားသော်ငြား ကိုယ်ရှိန်သတ်ကာ ခပ်စွာစွာဖြင့် ပြန်ပြောလေတော့သည်။
"အကျွန်ုပ်အမည်နာမက Kim Taehyung"
"စာသလား...ပေသလား သိပ်ဆန်သတဲ့...ပြောလေဦး Kim Taehyung"
"အို.....သူငယ်ချင်းပြေးသွားလို့ လိုက်ဖမ်းမည်ကို လမ်းပိတ်နေရဲ့....ဖယ်ပါလေဖယ်ပါ"
အရှေ့တွင် ကိုယ်လုံးကြီးနှင့်ပိတ်ရပ်ထားသူကို taehyung စိတ်မရှည်စွာဖြင့် ပြောရင်း ငိုချချင်လာတော့သည်။
"ဒီလမ်းအသွယ်က လူချမ်းသာ မျိုးကောင်း၊ရိုးကောင်းတွေနေတာလေကွယ်...ဘာလာခိုးသတုန်း"
"အမယ်လေး..အမေကယ်ပါ အကျွန်ုပ်ကို သခိုးတဲ့...သခိုးကလူပြန်ဟစ်နေပြီ"
jeon jungkook လည်းထိုလမ်းအသွယ်တွင် ကိုယ်သေးသေးလေးများကို ပစ်လဲကာ ငိုချနေသယောင်ဖြစ်နေသူကို နားမလည်သလိုပင်ကြည့်မိသွားသည်။
ဒီလို အပြစ်ကင်းစင်လှသည့် ကလေးငယ်လေးဟာ သခိုးဖြစ်နိုင်မည်ပါ့မလား။ဘာတွေများ တွေးမိနေသတုန်း...ဒါပေမယ့် ပေတီးပေတူးလေးနှင့်ဆိုတော့လည်း ခက်တော့ အခက်သား။
"ကယ်...ကယ်ထပါလေကွယ်ကလေးငယ်
မသိရင် ကိုယ်ကဘဲ အနိုင်ကျင့်သလိုလို အများအမြင်အထင်ယောင် မှားနေပလိမ့်မယ်"မျက်လုံးရွှဲကြီးများနှင့် ကြည့်လာသော ထိုကလေးငယ်မှာ ရုပ်ကလေးမှာ သန့်သန့်ပြန့်ပြန့်ဖြစ်ပါလျက်နှင့်
အဘယ့်ကြောင့်ပေတီးပေစုတ် ဖြစ်နေရသတုန်း...
YOU ARE READING
Behind the past {အတိတ်ရဲ့နောက်ကွယ်}