Chapter 2 {U+Z}

40 2 0
                                    

Unicode

နှလုံးသားနှင့် ဆက်နွယ်ထားတဲ့ ကြိုးတစ်ချောင်းဟာ ပျက်ငြိလွယ်မယ်ဆို စည်းကျော်ခွင့်ရှိရဲ့လားဟင်...?

"အားးးးjeon jungkook shii.....ဆားရားငယ်ရော်"

"အားးးးချောလိုက်တာ"

"အားးးဘယ်လို‌တောင်အရည်အချင်းရှိလိုက်တာလဲ...တကယ်နတ်သားတစ်ပါးလိုဘဲ"

"Jeon jungkook ကိုသာရရင်သေပျော်ပါပြီအားးး"

လက်ထဲတွင် FC ဆိုင်းပုဒ်လေးများကိုယ်စီနှင့် တစ်ခဲနက်အားပေးနေကြသော fan များဟာ ကျန်တစ်ဖက်တွင် lightstick လေးများဖြင့် jungkook အလာကိုအော်ဟစ်ကာ ကြည့်နေကြသည်။

နက်စွေးစွေးကားအနက်ရောင် ရောက်ရှိလာသည်နှင့် fan များစုပုံလာကြကာ တစ်ယောက်နှင့် တစ်ယောက်တိုးဝှေ့ရင်း အပြိုင်ကြည့်နေကြတော့သည်။

*ဝူးးးး*

Pants အနက်ရောင်အရှည်နှင့် T shirt အင်္ကျီအထက်မှ coat အနက်ရောင်ကို ထပ်ဝတ်ထားကာ မျက်နှာမမြင်ရအောင်ပင် mask အပြည့်နှင့် ဦးထုပ်လည်းဆောင်းထားသေးသည်။သို့သော် ခန္ဓာကိုယ်အချိုးအစားမြင်သည်နှင့် တန်းမှတ်မိသော fan များကြောင့် ဘယ်လိုပင် မျက်နှာမမြင်ရအောင်လုပ်လုပ်....အချည်းနှီးသာ။

"jungkook ahh...."

ဘေးနားတွင် ခန္ဓာကိုယ်တောင့်တောင့်နှင့် bodyguard များတည်ရှိထားကြရာ fan များသည်လည်း အတင်းတိုးဝှေ့ကာ ဝိုင်းအုံလျက်။fan အများအပြား၏ အော်ဟစ်သံကြား‌တော့ လက်ကလေးဝှေ့ယမ်းကာခေါင်းလေးငုပ်လျက် ဦးညွှတ်တော့ fan ပေါင်းများစွာ အရည်ပင် ပျော်ကျသွားမတတ်ပင်။

"အားးးးငါသေပါပြီ..jungkook က နှုတ်ဆက်သွားတယ်"

"အားးငါအရည်ပျော်လွန်းလို့မူးလဲတော့မယ်လုပ်ကြပါဦး"

ထိုမြင်ကွင်းကို ထိုအရှေ့တည့်တည့်မှ cafe ဆိုင်တွင်ထိုင်နေသော taehyung နှင့် jimin မှာမလှုပ်မရှက်ဘဲထိုင်ကြည့်နေကြသည်။cafe ဆိုင်သည်မှန်ဘောင်လေးများ ပတ်လည်ဖြင့် ပြုလုပ်ထားရာမှ taehyungနှင့် jimin က‌ ထောင့်ဆုံးဝိုင်းတွင်မှန်ဘောင်မှ တဆင့်ထိုင်ကြည့်နေခြင်းဖြစ်သည်။

Behind the past {အတိတ်ရဲ့နောက်ကွယ်}Where stories live. Discover now