119

9.7K 1.4K 78
                                    

{Unicode}

"ရှက်ရွံ့နေည် အမျိုးသားလေး"

ကျောက်ရှန့်ဟိုင်သည် မချိတင်ကဲပြုံးရင်း ခေါင်းယမ်းလိုက်သည်။

သူသည် မျက်လုံးမှိတ်ရင်း ညည်းညူသည်။

"ဘယ်လိုလုပ် အဲ့လောက် လွယ်မှာလဲ။ လက်တွဲဖော်ကို ရှာရတာက၊ စျေးမှာ ဟင်းသီးဟင်းရွက် သွားဝယ်ရသလိုမျိုး မုန်လာဥနဲ့ အာလူးတွေအကုန် ခြင်းတောင်းထဲ ကောက်ထည့်လိုက်လို့ ရတာမျိုးလည်း မဟုတ်ဘူး။ ခဏလေးတောင် မရနိုင်လောက်ဘူး......ထပ်ပြောရရင် ကိုယ့်စိတ်ထဲမှာလည်း တည်ငြိမ်မနေဘူး။ အဲ့လိုအတွေးမျိုးလည်း မရှိဘူး။ ထားလိုက်ပါတော့"

ရန်ကျားလိသည် မျက်ခုံးပင့်သွားပြီး တကျစ်ကျစ်နှင့် ပြောသည်။

"ဘယ်သူက သေချာပေါက်ကြီး အတည်ရှာရမယ် ပြောလို့လဲ"

ကျောက်ရှန့်ဟိုင်သည် မျက်လုံးတစ်ဝက် ဖွင့်လိုက်ရင်း သံသယနှင့် ဟမ်ဟု အသံပြုသည်။

ရန်ကျားလိသည် ကျောက်ရှန့်ဟိုင် နားရွက်နား တိုးကပ်သွားကာ လေသံတိုးတိုးနှင့်

"တကယ်ကြီး အတည်လုပ်စရာ မလိုပါဘူး။ ဘာပဲဖြစ်ဖြစ် ဥက္ကဌရှောက် ကဖျက်ယဖျက် လုပ်တာကို ပညာပေးဖို့၊ နောက်ဆို ခင်ဗျားကို လာမနှောင့်ယှက်ဖို့ပဲ အားလုံးကို ဟန်ဆောင်ပြီး သူ့ကိုပြရမှာလေ။ အချိန်တိုလေး အတွင်းမှာတော့ (လက်တွဲဖော်) အစစ်ကို ရှာလို့မရနိုင်ပါဘူး။ ဒါပေမဲ့ လိုက်ဖက်ညီတဲ့ ပုံစံလေးရှာလိုက်ပြီး အဲ့လိုလေး သရုပ်ဆောင်လိုက်ရင် မလွယ်သွားဘူးလား"

ကျောက်ရှန့်ဟိုင်၏ မျက်လုံးက အနည်းငယ် လှုပ်ယမ်းသွားပြီး တွန့်ဆုတ်စွာနှင့်

"မင်းရဲ့ အဓိပ္ပါယ်က..."

"ဟိုင်ကော၊ ခင်ဗျား စဥ်းစားကြည့်။ Rong Hai လက်အောက်မှာ စာချုပ်ချုပ်ထားတဲ့ အမျိုးသား အနုပညာရှင်တွေက ဒီလောက်အများကြီးကို။ ဘယ်လိုပုံစံပဲဖြစ်ဖြစ် ရှာတွေ့နိုင်တယ်"

ရန်ကျားလိ၏ မျက်လုံးက တောက်ပနေကာ စိတ်အားထက်သန်စွာနှင့်

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now