Thought 19 **😊
25 0 0
လူဖြစ်လာရင် အနည်းဆုံးတစ်ယောက်သောသူရဲ့ ပုံပြင်ထဲမှာ သူ့ရင်ထဲကရော ပါးစပ်ထဲမှာရော မုန်းချဉ်စရာအကောင်းဆုံး လူဆိုးတစ်ကောင်အနေနဲ့ ရှိနေတတ်သား။ ကိုယ့်အတွက်တော့ ငယ်ချာတိတ်ကကလေးဘဝမှာ တွေ့ခဲ့တဲ့လူတွေထဲ သေတဲ့အထိအမုန်းဆုံးလူတွေရှိခဲ့တာက ယောကျာ်းနှစ်ယောက်ထဲပါ။
အဲ့နှစ်ယောက်ကလွဲ ** ကျန်တဲ့လူတွေကိုလေ ရန်ဖြစ်ပြီးသွားရင် ဪ ငါလည်းမှားခဲ့တာပဲ။ ငြိမ်နေလိုက်ရင် ပြီးတဲ့ကိစ္စဆိုပြီး အမုန်းတရားတွေ ကြာကြာမရှိတတ်ပါဘူး။ တိုက်ဆိုင်မှုရှိတိုင်းတော့ သောက်မြင်ကပ်မိတာပေါ့။ ဒါပေမဲ့ ကိုယ့်ဘက်ကစ blk ထားလိုက်တယ်။ သူတို့လည်း ကိုယ့်မြင်ရင် အကုသိုလ်ဖြစ်မှာပဲလေစိတ်နဲ့။
ဘဝမှာ ရန်တွေဖြစ်ရတာ မကြိုက်လို့ ငြိမ်ခံနေပြန်တော့လည်း ကြောက်တယ်ထင်ပြီး ခေါင်းပေါ်ချီးတက်ပါကြတာ။ ဒါပေမဲ့ ခုတော့ ပြန်မစွာနေပါဘူး။ အပြီးပလစ်လိုက်တယ်။ ငယ်ငယ်ထဲက ခုထိ ကိုယ့်အပေါ် လူဆိုးဇာတ်သွင်းထားကြတဲ့လူအပေါင်းလည်း ထာဝရအေးချမ်းကြပါစေပေါ့။ အသေးစိတ် ပြန်ဖြေရှင်းရတာ လက်ရော အာရောညောင်းတယ်။
ကိုယ့်ပုံပြင်မှာတော့ သူတို့က သေခဲ့တာကြာပါပြီ။ နောင်တတော့ရမိတယ်။ လူအများကြီးနဲ့ စကားများများပြောခဲ့ ပတ်သက်မိလို့။
Sea of Midnight ThoughtsWhere stories live. Discover now