Thought 2

229 7 0
                                    

ကြၽန္မ က တကယ္လိမၼာေနတဲ့ သားသမီးတစ္ေယာက္မဟုတ္ပါဘူး။

လိမၼာခ်င္ေယာင္လည္း မေဆာင္ဘူး။

တကယ္ေတာ့ အရမ္းလိမၼာေနေပးေနရတာ ပင္ပန္းတယ္။

ဒါေပမယ့္ မိဘေတြမ်က္ႏွာ႐ွိေသးတာ။

တာဝန္မေက်မသိတတ္တဲ့ သမီးမိုက္တစ္ေယာက္ကို ဒီခ်ိန္ထိမိဘေတြ အပင္ပန္းခံေကြၽးေမြးထားတဲ့မ်က္ႏွာကိုေထာက္ထားၿပီး လိမၼာႏိုင္သေလာက္ လိမၼာေပးတယ္။

ကြၽန္မ မေေကာင္းတာမဟုတ္တာ တစ္ခုခုလုပ္ေတာ့မယ္ဆိုျမင္ၿပီး ဝမ္းနည္းလာတယ္။

တစ္ခါတစ္ေလ လုပ္ၿပီးမွ ေနာင္တရၿပီး ဝမ္းနည္းတာေတြ႐ွိတယ္။

(ေဆးခ်တာ ဘိန္း႐ွဴတာ၊ ဘာတို႔မထင္လိုက္ပါနဲ႔ -.- ဥပမာ အတန္းလစ္ၿပီးအျပင္ေလ်ာက္သြားတာမ်ိဳး၊ အၿငိမ္မေနဘဲ ျပႆနာကိုမီးေမာင္းထိုး႐ွာတာမ်ိဳးကိုေျပာတာပါ)

ဒီရြယ္ထိ မိဘကိုမ်က္နွာပန္းလွေအာင္ ဘယ္ေတာ့မွ မလုပ္ေပးႏိုင္ခဲ့တဲ့သမီးမိုက္ကို ပိုးေမႊးသလိုေမႊးေပးထားလို႔ ေက်းဇူးတင္ပါတယ္။

--------------------------

ကျွန်မ က တကယ်လိမ္မာနေတဲ့ သားသမီးတစ်ယောက်မဟုတ်ပါဘူး။

လိမ္မာချင်ယောင်လည်း မဆောင်ဘူး။

တကယ်တော့ အရမ်းလိမ္မာနေပေးနေရတာ ပင်ပန်းတယ်။

ဒါပေမယ့် မိဘတွေမျက်နှာရှိသေးတာ။

တာဝန်မကျေမသိတတ်တဲ့ သမီးမိုက်တစ်ယောက်ကို ဒီချိန်ထိမိဘတွေ အပင်ပန်းခံကျွေးမွေးထားတဲ့မျက်နှာကိုထောက်ထားပြီး လိမ္မာနိုင်သလောက် လိမ္မာပေးတယ်။

ကျွန်မ မေကောင်းတာမဟုတ်တာ တစ်ခုခုလုပ်တော့မယ်ဆိုမြင်ပြီး ဝမ်းနည်းလာတယ်။

တစ်ခါတစ်လေ လုပ်ပြီးမှ နောင်တရပြီး ဝမ်းနည်းတာတွေရှိတယ်။

(ဆေးချတာ ဘိန်းရှူတာ၊ ဘာတို့မထင်လိုက်ပါနဲ့ -.- ဥပမာ အတန်းလစ်ပြီးအပြင်လျောက်သွားတာမျိုး၊ အငြိမ်မနေဘဲ ပြဿနာကိုမီးမောင်းထိုးရှာတာမျိုးကိုပြောတာပါ)

ဒီရွယ်ထိ မိဘကိုမျက်နှာပန်းလှအောင် ဘယ်တော့မှ မလုပ်ပေးနိုင်ခဲ့တဲ့သမီးမိုက်ကို ပိုးမွှေးသလိုမွှေးပေးထားလို့ ကျေးဇူးတင်ပါတယ်။

Sea of Midnight ThoughtsWhere stories live. Discover now