Thought - 20 (2023)

10 0 0
                                    

ညဘက်တွေဆို ငယ်ငယ်ကတည်းက တစ်ကိုယ်တော်ခံစားချက်တွေနဲ့ အထီးကျန်နေခဲ့လွန်းလို့ အိပ်မပျော်ခဲ့တဲ့ညတွေမယ် များလှပေါ့။ ဒီတော့Insomniaရှိလာခဲ့တယ်။ ကြီးလာတော့ တစ်ခါတလေ အိပ်ဆေးကူလို့ အိပ်ပျော်တယ်။

ငယ်ငယ်လေးကတည်းက မှိုင်တွေပြီး အရယ်အပြုံးနည်းတဲ့ မျက်နှာတစ်ခုကို ပိုင်ဆိုင်ခဲ့တယ်။ ဒါပေမဲ့ ကျောင်းသွားတိုင်း သူငယ်ချင်းတွေကို စနောက်ရင်း ပျော်ပျော်နေတတ်ခဲ့တယ်။ အတန်းထဲက Joker တစ်ကောင်ပေါ့။

ခံစားချက်တွေဖုံးထားပြီး လူသိပ်​ကြောက်ခဲ့တဲ့ Joker။ တစ်ချိန်က လူတွေကိုယ့်အပေါ်ဘယ်လိုမြင်ကြမလဲဆိုတာပဲ တစ်ချိန်လုံးတွေးရင်း ကိုယ်ပိုင်ပျော်ရွှင်မှုတွေကို မဖန်တီးနိုင်ခဲ့ဘူး။

ခုတော့ အဆင်မပြေမှုတွေတစ်ခုပြီးတစ်ခုရှိလာရင်တောင် ကိုယ်ပိုင်ပျော်ရွှင်မှုတွေတစ်နည်းမဟုတ်တစ်နည်းဖန်တီးနိုင်လာပြီ။

အိမ်မက်လေးတစ်ခုလောက် အမှန်တကယ်လက်တွေ့ဖြစ်လာခဲ့ရင် ပျော်မဆုံးဘူး။ အသေးအဖွဲလေးပဲဖြစ်နေပါစေ...သိပ်ပျော်တယ်။

ညဘက္ေတြဆို ငယ္ငယ္ကတည္းက တစ္ကိုယ္ေတာ္ခံစားခ်က္ေတြနဲ႔ အထီးက်န္ေနခဲ့လြန္းလို႔ အိပ္မေပ်ာ္ခဲ့တဲ့ညေတြမယ္ မ်ားလွေပါ့။ ဒီေတာ့Insomniaရွိလာခဲ့တယ္။ ႀကီးလာေတာ့ တစ္ခါတေလ အိပ္ေဆးကူ အိပ္ေပ်ာ္တယ္။

ငယ္ငယ္ေလးကတည္းက မႈိင္ေတြၿပီး အရယ္အၿပဳံးနည္းတဲ့ မ်က္ႏွာတစ္ခုကို ပိုင္ဆိုင္ခဲ့တယ္။ ဒါေပမဲ့ ေက်ာင္းသြားတိုင္း သူငယ္ခ်င္းေတြကို စေနာက္ရင္း ေပ်ာ္ေပ်ာ္ေနတတ္ခဲ့တယ္။ အတန္းထဲက Joker တစ္ေကာင္ေပါ့။

ခံစားခ်က္ေတြဖုံးထားၿပီး လူသိပ္​ေၾကာက္ခဲ့တဲ့ Joker။ တစ္ခ်ိန္က လူေတြကိုယ့္အေပၚဘယ္လိုျမင္ၾကမလဲဆိုတာပဲ တစ္ခ်ိန္လုံးေတြးရင္း ကိုယ္ပိုင္ေပ်ာ္႐ႊင္မႈေတြကို မဖန္တီးႏိုင္ခဲ့ဘူး။

ခုေတာ့ အဆင္မေျပမႈေတြတစ္ခုၿပီးတစ္ခုရွိလာရင္ေတာင္ ကိုယ္ပိုင္ေပ်ာ္႐ႊင္မႈေတြတစ္နည္းမဟုတ္တစ္နည္းဖန္တီးႏိုင္လာၿပီ။

အိမ္မက္ေလးတစ္ခုေလာက္ အမွန္တကယ္လက္ေတြ႕ျဖစ္လာခဲ့ရင္ ေပ်ာ္မဆုံးဘူး။ အေသးအဖြဲေလးပဲျဖစ္ေနပါေစ...သိပ္ေပ်ာ္တယ္။

Naabot mo na ang dulo ng mga na-publish na parte.

⏰ Huling update: Aug 08, 2023 ⏰

Idagdag ang kuwentong ito sa iyong Library para ma-notify tungkol sa mga bagong parte!

Sea of Midnight ThoughtsTahanan ng mga kuwento. Tumuklas ngayon