Intro

3.4K 247 22
                                    

Zawgyi

နေ့စဉ် ပုံမှန်လည်ပတ်သွားလာနေတဲ့ကမ္ဘာကြီးဟာ တနေ့သောအခါမှာတော့ ထူးဆန်းမှုပြောင်းလဲမှုတွဖြစ်ပေါ်လာသည် ။ဒါဟာ လှပတဲ့တိမ်ဆိုင်၊တိမ်တန်းများနှင့်အပြာရောင်ကောင်းကင်ပြီးဟာ ရုတ်တရက် အုံ့မှိုင်း၍မဲမှောင်လာကာ ပတ်ဝန်းကျင်တစ်ခုလုံးဟာ မြူခိုးမြူငွေ့တို့ဆိုင်းလာသည်။နဂိုသန့်စင်တဲ့ရေများဟာ အစိမ်းရောင်လိုအရည်များနှင့်ရေများညစ်ပတ်စွာအနည်အထိုင်ကျလာပြီး မမြင်မကြားဖူးသော ဘက်တီးရီးယားမျိုးစိတ်အသစ်စတင်ပေါက်ဖွားလာတော့သည်။

ဤထူးဆန်းမှုကိုသတိမထားမိသောလူသားများဟာ ထိုရေများကိုသုံးစွဲမြဲသုံးစွဲလို့နေကြ၏။ထို့အတူ ချစ်စရာကောင်းတဲ့အိမ်မွေးတိရိစ္ဆာန်များ၊ တိရိစ္ဆာန်ရိုင်းများဟာ စတင်၍ထူးဆန်းစွာပြုမူလာကြသည်။လူတွေဟာ ဤအရာကိုလည်းသတိမထားမိကြသေးပဲ ပုံမှန်အတိုင်းနေ့စဉ်သွားလာလည်ပတ်လှုပ်ရှားနေကြဆဲပေ။

ဒါဟာကမ္ဘာပျက်ကိန်းမစခင် ပထမဆုံးရက်ဖြစ်သည်။

ဒုတိယရက်မှာတော့ နေကြတ်မှုစတင်ဖြစ်ပေါ်လာ၍တကမ္ဘာလုံးမဲမှောင်သွားသည်။လူတွေက သာမန်နေကြတ်မှုတစ်ခုဟုသာယူဆကြပြီး သူတို့၏ဖုန်းများကင်မရာများဖြင့် အမှတ်တရမှတ်တမ်းတင်ရိုက်ကူးကာ ပျော်ပါးနေကြသည်။သို့ပေမဲ့ နေကြတ်မှုပြီးဆုံးသွားတဲ့အခါမှာတော့ ကောင်းကင်ပြင်တစ်ခုလုံးဟာ သွေးနီရောင်သို့လွှမ်းမိုးနေတော့သည်။လူတွေဟာ နေကြတ်မှုရဲ့နောက်ဆက်တွဲဖြစ်စဉ်တစ်ခုဟုထင်မှတ်လိုက်ကြပြန်သည်။

တစ်ဖက်တွင်လည်း ထူးဆန်းနေသောတိရိစ္ဆာန်များဟာ အရိုင်းစိတ်ဝင်လာကြသည်ကို တချို့လူတွေဟာမြင်တွေ့လာကြသည်။လူတွေက သူတို့အိမ်မွေးတိရိစ္ဆာန်တွေရဲ့အရိုင်းစိတ်ဝင်မှုကို သတိထားမိကာ ထိန်းသိမ်းဖို့ပြင်ကြပြီး တချို့ကထိတွေ့မိလို့ ကုတ်ဖဲ့ခံရကာ ဒဏ်ရာရကြလေသည်။

အဲ့ဒီနောက်မှာတော့ ပုံမှန်သွားလာနေသောလူတွေဟာနေမကောင်းဖြစ်လာကြသည်။ရုတ်တရက်ပျို့အန်ခြင်း၊မူးဝေခြင်းနှင့် ဘာမှန်းမသိသော အမဲရောင်အကွက်များ ခန္ဓာကိုယ်အနှံ့ထွက်ပေါ်လာခြင်းတို့ဖြစ်ပေါ်လာကြ၏။လူတိုင်းနီးပါးဖြစ်လာကြတဲ့အခါ လူတွေဟာ ထိတ်လန့်လာကြသည်။လူတွေကအသည်းအသန် ဆေးခန်းပြကြသည်။ဆေးရုံ၊ဆေးခန်းများ၌ လူစည်ကား၍ပြည့်သိပ်နေကြ၏။

ကမ္ဘာပျက်ကိန်းဆီသို့[S3] : Dancing with Fate.(ongoing) Where stories live. Discover now