Part - 14

525 109 9
                                    

Unicode

Busကားပေါ်ကနောက်ပြန်ပြုတ်ကျချိန် ရှင်းမင်းခန့် ဘာမှမတွေးတောနိုင်တော့ပဲ ဦးနှောက်တစ်ခုလုံးဗလာကျင်းလို့နေတယ်။ သူအောက်သို့မရောက်ခင် စက္ကန့်ခဏလေးအတွင်းမှာ အာကာထက်ရဲ့မြေခွေးလိုကောက်ကျစ်တဲ့အပြုံးကိုမြင်လိုက်ရတယ်။ ထိုနောက် သူမြေကြီးပေါ်သို့ ပြုတ်ကျသွားတယ်။

"အာ့!"
သူ့ကျောကုန်းမှာ လွယ်အိတ်ခံထားတာကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန်မရသွားသော်လည်း အပေါ်ကပြုတ်ကျတဲ့အရှိန်ကြောင့် နည်းနည်းတော့ ခေါင်းမူးနောက်သွားတယ်။နောက်ပြီး ကျောပြင်ကမထိခိုက်သော်လည်း သူ့ခြေဖနှောင့်ကတော့ ပြုတ်ကျပြီး မြေကြီးနဲ့ရိုက်ခတ်တဲ့အရှိန်ကြောင့် မြတ်ခနဲနာကျင်သွားရတယ်။

ရှင်းမင်းခန့် မနည်းကုန်းရုန်းကာထလိုက်တယ်။ သူကားအောက်ခြေကနေ မြင်လိုက်ရတာကတော့ သူ့ကိုထားပြီး ပြေးထွက်သွားတဲ့ လူအရိပ်အယောင်ကိုပဲ။

..ဘာ!သူတို့ငါ့ကိုထားခဲ့တာလား..

ရှင်းမင်းခန့် မျက်လုံးပြူးကျယ်သွားရတယ်။ သူထင်တာ အာကာထက်မကယ်ရင်တောင် မိုးစက်ဟိန်းကတော့ သူ့ကိုကယ်ဖို့ကြိုးစားမည်ဟုလေ။ အခုတော့ သူတို့က သူ့ကိုထားခဲ့ကြပြီ။

အနောက်ကိုလှည့်ကြည့်လိုက်တော့ ဇွန်ဘီအုပ်စုက သူ့ဆီကိုပြေးလာကြပြီ။ ရှင်းမင်းခန့် လွယ်အိတ်ကိုချွတ်ချခဲ့လိုက်တယ်။ ကားအမိုးပေါ်သူပြန်တက်ဖို့လုပ်ပေမဲ့ နာနေတဲ့ခြေထောက်က အရမ်းမလှုပ်ရှားနိုင်ပေ။ဇွန်ဘီတွေကလည်းနီးကပ်လာပြီ ဒါကြောင့် သူကားရဲ့အောက်ခြေကိုသာ အမြန်တွားတွားပြီးတိုးဝင်လိုက်တယ်။

ဂါးး!

ရူတ်တရက် သူ့ခြေထောက်ကတင်းကြပ်သွားပြီး ငုံ့ကြည့်လိုက်တော့ ဇွန်ဘီတွေက ကားအောက်ခြေကိုတိုးဝင်လာကြကာ ဇွန်ဘီတကောင်က သူ့ခြေထောက်ကိုလှမ်းဆွဲထားသည်။ရှင်းမင်းခန့် လန့်သွားကာ နာကျင်တာတွေလည်းမသိတော့ပဲ ကျန်တဲ့ခြေတစ်ဖက်နဲ့ ထိုဇွန်ဘီမျက်နှာကိုဆောင့်ကန်လိုက်တယ်။

အကြိမ်ကြိမ်ဆောင့်ကန်ပြီးနောက် သူ့ခြေထောက်လည်းလွတ်မြောက်သွားတဲ့အချိန် အခြားဇွန်ဘီတွေဟာလည်း လူကိုမြင်တော့ ပိုတိုးဝင်လာကြပြီး ရှင်းမင်းခန့် ဇွန်ဘီတွေနဲ့ဝေးဝေးသို့ တရွတ်တိုက်ပဲမြန်မြန်ဆန်ဆန်သွားလိုက်တယ်။

ကမ္ဘာပျက်ကိန်းဆီသို့[S3] : Dancing with Fate.(ongoing) Where stories live. Discover now