Part - 21

282 50 0
                                    

Unicode

Sမြို့တော်သို့သွားသည့်လမ်း၌ သူတို့ဟာပုန်းလိုစရာရှာလိုက်၊ အစားအသောက်ရှာလိုက်၊ဒီကြားထဲဇွန်ဘီများဖြင့်တွေ့ရင် တိုက်ခိုက်ရနှင့်ဖြတ်သန်းခဲ့ရသည်။ နောက်ဆုံးတော့သုံးရက်မြှောက်နေ့၌ Sမြို့တော်သို့သူတို့ရောက်ရှိလာကြသည်။ မင်းသက္ကရာဇ်မောင်ဆီမှကြားရသည့်သတင်းတွေအတိုင်းပဲ Sမြို့တော်ဟာလုံခြုံသောအကာအကွယ်များဖြင့်ပြည့်နေပြီး မသိရင်Sမြို့တော်သာကွက်ပြီးကမ္ဘာမပျက်သည့်အတိုင်းပဲ။

သူတို့လေးယောက်ဟာSမြို့တော်၏ဂိတ်ဝသို့လျှောက်လာခဲ့ကြသည်။ ဂိတ်စောင့်နေသည့် စစ်သားနှစ်ယောက်ဟာသူတို့ကိုမြင်တော့တားဆီးလာသည်။

"အခုရပ်စမ်း..မင်းတို့ကဘယ်သူတွေလဲ!"

ရှင်းမင်းခန့်ကပြောလိုက်သည်။
"မင်္ဂလာပါအစ်ကိုတို့..ကျွန်တော်တို့သာမန်ပြည်သူတွေပါ။လုံခြုံမှုအတွက်Sမြို့တော်မှာခိုလှုံချင်လို့ပါဗျ"

စစ်သားနှစ်ယောက်ကယဥ်ကျေးစွာပြောဆိုလာသည့် ရှင်းမင်းခန့်ကိုတစ်ချက်ကြည့်ပြီးနောက် ရှင်းမင်းခန့်အနောက်မှလူသုံးယောက်ကိုကြည့်လိုက်သည်။ သူတို့ကိုမျှော်လင့်ချက်တို့ဖြင့်ကြည့်နေတဲ့မိန်းကလေးတစ်ယောက်နှင့် ခပ်ချေချေကြည့်နေတဲ့မိန်းကလေးနှင့်ယောကျာ်းလေး။

"ခိုလှုံချင်သူတွေကိုလက်ခံချင်တိုင်းလက်ခံလို့မရဘူး။အရင်ဆုံးမင်းတို့မှာ ပါလာတဲ့ကစ္စည်းတွေကိုစစ်ဆေးရမယ်။ပြီးရင် မင်းတို့ကိုလည်းကျန်းမာရေးစစ်ဆေးရမယ်။"

"ရပါတယ်။..စစ်ဆေးပါ။ဒီမှာခိုလှုံခွင့်ရရင်ပဲကျေနပ်ပါပြီ!"

ရှင်းမင်းခန့်နဲ့လင်းလက်သွယ်တာဟာတော့ပျော်ရွှင်နေကြသည်။ ကျန်နှစ်ယောက်ကလည်းဝမ်းသာပေမဲ့ ခပ်ချေချေပဲဖြစ်သည်။ အဲဒီနောက် သူတို့လေးယောက်ကိုနောက်ထပ်စစ်သားတစ်ယောက်ကခေါ်သွားသည်။ မြို့တော်ဖြစ်တာကြောင့် သွားရမည့်နေရာကိုကားဖြင့်သွားကြရသည်။

ရှင်းမင်းခန့်နှင့်လင်းလက်သွယ်တာဟာတော့ မမြင်ရတာကြာပြီဖြစ်တဲ့ပျက်စီးဆုံးရှုံးမှုများမရှိသေးသည့်ပတ်ဝန်းကျင်နှင့်Sမြို့တော်၏အခြေအနေကိုလည်ပြန်၍စပ်စုနေကြတော့သည်။ သူတို့မှာကမ္ဘာစပျက်ကတည်းက ယနေ့အချိန်ထိသွေးပျက်စရာတွေမြင်တွေ့ခဲ့ရပြီး Sမြို့တော်သို့ဝင်ရောက်လာတဲ့အချိန်မှာတော့ ကမ္ဘာပျက်ကပ်ကိုတောင်မေ့ပျောက်မလိုဖြစ်သွားရသည်။

ကမ္ဘာပျက်ကိန်းဆီသို့[S3] : Dancing with Fate.(ongoing) Donde viven las historias. Descúbrelo ahora