Episode(1)

20.5K 760 55
                                    

[Unicode]

"အဲ့~~~အဲ့~~~အူဝဲ~~အူဝဲ"

"သားဝမ်ရေ...ကလေးက ငိုနေတယ်မြန်မြန်လုပ်ခဲ့"

ဝမ်မားရဲ့အော်ခေါ်သံကြောင့် ရိပေါ်က ရေကိုပြီးစလွယ်ချိုး၍ အမြန်ထွက်လာခဲ့ရသည်။

"ဒယ်ဒီ့အူကြူးလေးက ဒယ်ဒီ့ကို မတွေ့တာနဲ့ ငိုတော့တာဘဲကွာ"

ခုနကစူးရှစွာအော်ငိုနေသည့်ကလေးပေါက်စလေးကလည်းရိပေါ်လက်ထဲရောက်သွားသည်နှင့်သူမဟုတ်သည့်အတိုင်း ချက်ခြင်းအငိုတိတ်ကာ ရှိုက်သံသဲ့သဲ့လေးသာ ထွက်လာသည်။

"မွခ်ျ!ဒယ်ဒီလာပြီနော် ဒယ်ဒီရဲ့ကလေးလေး"

"အဲ့~~အဲ့"

"သားဝမ်...အဝတ်အစားအရင်လဲပြီးမှလိုက်လာခဲ့တော့...ကလေးကိုမားခေါ်သွားနှင့်မယ်...အောက်မှာဇာပနာပွဲစတော့မှာ"

ထို့ကြောင့်ရိပေါ်ကလက်ပေါ်မှာအငိုတိတ်သွားသောသူ့ရဲ့ကလေးကိုတစ်ချက်နမ်း၍ဝမ်မားလက်ထဲပြန်ထည့်ပေးလိုက်ကာသူကအဝတ်အစားအမြန်လဲပြီးမှအောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်။

"ဇာပနာပွဲစနေပြီ"

ရိပေါ်ကခေါင်းတစ်ချက်သာငြိမ့်ပြပြီးတိတ်တိတ်ဆိတ်ဆိတ်ဖြင့်ဝမ်မားလက်ထဲက,ကလေးကိုသာဂရုတစ်စိုက်ပွေ့ချီလိုက်သဖြင့်ဝမ်လင်မယားလည်းဘာမှဆက်မပြောဘဲ အလိုက်အထိုက်နေပေးလိုက်သည်။

ယခုဇာပနာပွဲက ရိပေါ်ရဲ့အစ်မဖြစ်သူတို့ လင်မယားရဲ့ဇာပနာပွဲ။
ရိပေါ်ကငယ်ငယ်ထဲကအစ်မဖြစ်သူကို သိပ်ချစ်တာ။
အခုလိုအစ်မဖြစ်သူဆုံးပါးသွားတော့မျက်ရည်မကျပေမဲ့ တိတ်ဆိတ်နေခြင်းအားဖြင့် ဘယ်လောက်တောင် ဝမ်းနည်းနေလဲဆိုတာပြောစရာမလို။တော်သေးသည်က အစ်မဖြစ်သူရဲ့ ကိုယ်ပွားလေး ကျန်နေခဲ့ပေလို့ပေါ့။

ဖခင်နှင့်မိခင်ဖြစ်သူရဲ့ဇာပနာပွဲမှာထိုကလေးလေးကတော့ ဘာမှမသိဘဲ ဖြူဖြူစင်စင်ဖြင့် ဝမ်သခင်လေးရဲ့လက်ထဲမှာတစ်အဲ့အဲ့နှင့်ပြုံးရယ်နေလျှက်။

ထိုကလေးလေးကို ကိုယ်ဝန်ဆောင်လျက်နဲ့ မိဘနှစ်ပါးကကားအက်စီးဒန့်ဖြစ်ပြီးဆုံးပါးသွားသောကြောင့် ထိုကလေးက ကံဆိုးစေတယ်ဟု သို့လော သို့လောပြောဆိုကြသောအိမ်တော်ရှိအစေခံများမှာလည်းချက်ချင်းပင်အလုပ်ထုတ်ခံရပြီး လမ်းဘေးသို့ရောက်သွားကြသည်။

Daddy's dearest "Lord" (completed)Where stories live. Discover now