Episode(44) Final

10K 495 80
                                    

[Unicode]

ယခုရှောင်းကျန့်မှာသားဖြစ်သူရဲ့နီရဲနေသောလက်နုနုလေးကိုကြည့်ပြီး မျောက်မီးခဲကိုင်သလိုဖြစ်နေသည်။

"နောက်တစ်ခါအဲ့လိုမလုပ်ရဘူး!ကြားလား ရိကျန့်!"

"ဟုတ်ပါးပါး"

"ကြည့်ပါအုံး ပါးပါးသားရဲ့လက်လေးတွေရဲသွားပြီ ဘာလို့လက်သီးနဲ့ထိုးရတာလဲ ခဲတံနဲ့ထိုးခဲ့လိုက်လေ"

"သားသားကအလောတကြီးဆိုတော့လေလက်သီးနဲ့ထိုးလိုက်တာ... ပါးပါးစိတ်မဆိုးနဲ့နော် ချစ်တယ်"

သို့ပေမဲ့ရှောင်းကျန့်မျက်နှာကတည်တင်းပြီးနှုတ်ခမ်းစူထားဆဲ။

အကြောင်းကတော့ ဝမ်ရိကျန့်လေး ကျောင်းမှာရန်ဖြစ်ရာက စသည်။

5နှစ်အရွယ်မူကြိုတက်နေပြီဖြစ်တဲ့ ဝမ်ရိကျန့်လေးကမူကြိုမှာလက်ရဲဇက်ရဲလေး။
အခုဖြစ်တဲ့ကိစ္စကလည်း ဝမ်ရိကျန့်က တစ်ခြားတစ်ယောက်ကိုလက်သီးနဲ့ထိုးလို့လက်လေးရဲသွားသောကြောင့် ရှောင်းကျန့်ကဆူနေခြင်း။

တစ်ကယ်ဆို သူ့သားငတုံးက သူ့လက်မနာအောင်
အချွန်ပါတဲ့ တစ်ခုခုနဲ့ထိုးခဲ့သင့်တယ်မဟုတ်လား။

"ဒါနဲ့ဘာလို့လုပ်တာလဲသားသား"

"ဟွန်း!အဲ့ကောင်က သားကိုကို ကိုတွန်းချတာ"

အမ်???ဒါကတော့မဟုတ်သေးပါဘူး!!

"အဲ့ဒါသားကိုတွန်းချလို့လား"

"နိုးနိုး!ပါးပါး,ကိုကို့ကိုလုပ်ရင်သားကိုလုပ်တာနဲ့
အတူတူဘဲ...ကိုကိုကသားရဲ့ကမ္ဘာကြီး,သားအဲ့လို
ကူညီပြီး ကိုကိုရဲ့ပါးကိုရွှတ်လို့နမ်းခဲ့ရသေးတယ်,
ဟီး! မွှေးနေတာဘဲ"

"..."

"ဟင်း!ကိုကို့ကိုစိတ်မချလိုက်တာပါးပါးရယ်...အဲ့ဒါကြောင့်မှာထားရတာသားမရှိရင်ဘယ်မှလျောက်မသွားဖို့...လွယ်ကူမနေဘူးပါးပါးရယ်ကျောင်းတက်ရင်းကိုကို့ကိုကာကွယ်ရမဲ့အလုပ်တစ်ခုတိုးလာပြီ"

"ဘယ်လို ဘယ်ကကိုကိုမို့ကာကွယ်ချင်နေရတာလဲ"

"ဟိုတစ်ခါဦးဦးဖန်ရှင်းရဲ့သားလေ....ကိုကိုနာမည်ကလင်းယွမ်တဲ့ကိုကိုကသားထပ်၁နှစ်ကြီးတယ်...ဒါပေမဲ့သေးသေးလေး သားတောင်ချီနိုင်တယ် ကိုကိုရယ်လိုက်ရင် သိပ်လှတာ ပါးမှာအခွက်လေးရော ပါတယ် ပါးပါးရ"

Daddy's dearest "Lord" (completed)Where stories live. Discover now