Episode(8)

7K 582 20
                                    

[Unicode]

"ပြီးတော့သူတို့ကဒီတစ်ခါကျန့်ကျန့်လေးရဲ့ရှေ့ရေးအတွက်U.Sကိုခေါ်သွားမလို့တဲ့...ငြင်းလို့မရမဲ့ပုံဘဲ"

ဝမ်မားရဲ့စကားကြောင့်ရိပေါ်က မျက်မှောင်ကုပ်လိုက်သည်။

"လုံးဝဘဲနော်သူတို့ကဘာလို့ခေါ်သွားမှာလဲ
သားကိုကျွန်တော်ပိုင်ပြီးသား...သားကကျွန်တော့်အပိုင်"

"မဟုတ်ဘူးသားဝမ်ရဲ့သူတို့ပြောတဲ့သဘောကဒီမှာထပ်စာရင် U.Sမှာကပိုပီးအဆင်ပြေလောက်မယ်တဲ့"

"အဓိပ္ပါယ်မရှိတာ!ကျွန်တော်ကတော့လုံးဝလက်မခံနိုင်ဘူးနော်,ဘာလို့U.Sမှာမှအဆင်ပြေမှာလဲကျွန်တော်ကကလေးကိုသူတို့ထပ်တောင်ချမ်းသာအောင်ထားနိုင်တယ်,တရုတ်မှာလည်းWangGroupပိုင်တဲ့အရာတွေလက်ညှိုးထိုးမလွဲဘူး!U.Sမှာလည်းကျွန်တော့စီးပွားရေးတွေတိုးချဲ့ပြီးသား"

"..."

"ကလေးကိုကျွန်တော်ကစာချုပ်စာတန်းနဲ့မွေးစားထားတာ,ကလေးနဲ့ပတ်သတ်တဲ့အရာမှန်သမျှကိုဆုံးဖြတ်ခွင့်က ကျွန်တော့လက်ထဲမှာ"

"အေးပါ အဲ့ဒါဆိုလည်း သူတို့လာမှတိုင်ပင်ကြည့်ပေါ့"

"ဖြစ်မယ်မထင်ဘူးလုံးဝဘဲကျွန်တော်ကစကားအကန်တွေချည်းဘဲထွက်မှာ...ကလေးနဲ့ပတ်သတ်ရင်စိတ်ထိန်းနိုင်မှာမဟုတ်ဘူး,မားဘာသာအဆင်ပြေအောင်ကြည့်ကြပ်လုပ်ပါ"

မျက်နှာထားခပ်တင်းတင်းဖြင့်ပြောဆိုပြီးမြေးလေးကိုချီကာအိမ်ပေါ်ကိုတက်သွားတဲ့သားဝမ်ကစိတ်တိုနေမယ်ဆိုတာအသေအချာပင်။

သူတို့ဘက်ကကြည့်ရင်သွေးသားအရင်းတော်စပ်လို့ခေါ်ချင်တာမှန်တယ်ဆိုပေမဲ့ကိုယ့်ဘက်ကကြည့်ရင်လည်းအစကတည်းကဒီလိုတွေဖြစ်မှာစိုးလို့စာချုပ်စာတန်းနဲ့တစ်ခါတည်းမွေးစားထားတာ။

သူမတို့လည်းသူမတို့ရဲ့မြေးဦးလေးကိုနိုင်ငံရပ်ခြားမှာ
ထားပြီးခွဲမနေနိုင်ပါဘူး။သားဝမ်ဆိုပိုဆိုးပေါ့, သူမတို့တောင်ဒီလောက်ဖြစ်နေရင်ကျန့်ကျန့်လေးကိုအစစအရာရာဂရုစိုက်အလိုလိုလိုက်ပေးတဲ့သားဝမ်ကဘယ်လိုလုပ်ပါ့မလဲ။

Daddy's dearest "Lord" (completed)Where stories live. Discover now