Episode(13)

9.6K 600 27
                                    

[Unicode]

"မင်္ဂလာပါ စုန့်ကျိရန်ပါဗျ"

"ဝမ်ဟောက်ရွှမ်းပါ"

ကျောင်းသားသစ်ကောင်ချောလေးနှစ်ယောက်ရဲ့နှုတ်ဆက်မှုအပြီးမှာအခန်းထဲတွင်အနည်းငယ်ဆူညံသွားကြသည်။

"သားတို့လွတ်တဲ့နေရာမှာဝင်ထိုင်လိုက်ကြနော်"

ဝမ်ဟောက်ရွှမ်းတို့လည်းဆရာမကိုခေါင်းငြိမ့်ပြပြီး
ထိုင်ဖို့နေရာကြည့်လိုက်သည့်အခါမှာတစ်နေရာအရောက်သူငယ်ချင်းတွေနဲ့ပျော်ရွှင်စွာစကားပြောနေသည့်ချစ်စရာယုန်ဖြူလုံးလေးကိုတွေ့လိုက်ရသည်။

ရှေ့သွားကြီးကြီးနှစ်ချောင်းနဲ့ရယ်နေတာများတောက်တောက်ပပ။

ထိုအခိုက်အတန့်မှာပင်ဝမ်ဟောက်ရွှမ်းရဲ့နှလုံးသားလေးဒုတ်ခနဲဘဲ။နောက်ဆုံးတော့သူ့ရဲ့နှလုံးသားကို ပထမဆုံးလှုပ်ခတ်နိုင်တဲ့လူသားလေးကိုတွေ့ခဲ့ပြီ။

"နိဟောင်"

နှုတ်ဆက်လိုက်တော့ မော့ကြည့်လာသည့် မျက်ဝန်းလေးတွေကကြယ်လေးတွေလိုတစ်လက်လက်နှင့်တောက်ပနေသည်။မျက်တောင်လေးတွေက ခပ်စိပ်စိပ်လေးနဲ့ကော့ဆင်းနေပုံမှာကော်ရုပ်လေးအတိုင်းဘဲ။

"သူငယ်ချင်း ဖြစ်လို့ရမလား"

ပြောလိုက်သည့်အခါဘာလားဟ!ဆိုသည့်အကြည့်ဖြင့်ကြည့်လာပြီး ပခုံးတွန့်ပြကာ လူကိုဂရုမစိုက်သည့်နှယ် သူ့ဖုန်းကိုသူနှိပ်နေသည်။

"အဟမ်း!ခင်မယ်နော်"

ဟောက်ရွှမ်းကသူ့အကျင့်နှင့်မတူစွာလှပသောကောင်ငယ်လေးကို အတင်းတွယ်ကပ်နေသောကြောင့် ဟောက်ရွှမ်းကိုသဘောကျသည့် ကျိရန်မှာ မျက်နှာပျက်သွားပြီးတစ်ဆက်တည်းထိုကောင်လေးကိုပါ မနာလိုဖြစ်မိသည်။

"ရပါတယ်ကွာ...သူကသူစိမ်းဆိုတော့ နည်းနည်း"

ကြားထဲက ယွီပင်းရဲ့အပြောကိုနားလည်သလို ဟောက်ရွှမ်းကခေါင်းငြိမ့်ပြသည်။သူတော့ ဒီမာနခဲလေးနဲ့ခင်ရဖို့ အချိ်န်အတော်ကြာအုံးမည် ထင်ပါရဲ့။

"ငါ့နာမည်ကဟောက်ရွှမ်းပါ သူက ကျိရန်တဲ့"

ရှောင်းကျန့်တို့ခုံရဲ့နောက်က အလွတ်ခုံတစ်ခုံမှာထိုင်ပြီး ဟောက်ရွှမ်းက စတင်မိတ်ဆက်လိုက်သည်။

Daddy's dearest "Lord" (completed)Where stories live. Discover now