In My Heart 💗 (Part2)

658 68 24
                                        

ဆရာ့ရဲ့ခေါ်သံလေးကြောင့်...

KimTae... ဆရာ့အနားသို့ပြန်လှည့်လာခဲ့ရ၏...

''ဟုတ်ကဲ့ ခင်ဗျ...''

''ထိုင်ပါအုံး...မင်းကိုမေးစရာလေးရှိလို့...''

Tr.Jinက KimTaeကို သူ့ဘေးက ခုံမှာထိုင်ခိုင်းပြီး ကျောင်းသားတွေရဲ့ ရမှတ်တွေနဲ့...
ပြီးတော့ သူတို့ စာလုပ်အခါ ဘယ်ဘာသာတွေမှာ တက်ကြွမှုရှိကြလဲ???...စသည်ဖြင့်မေးရင်း
Kim Taeကလဲ ဆရာ့မေးခွန်းများကို စိတ်ဝင်တစား ဖြေကြားနေလေရဲ့....
(KimTaeက အတန်းခေါင်းဆောင် ဆိုတော့
အတန်းထဲက ကျောင်းသူကျောင်းသားတွေရဲ့
ရမှတ်Listတွေ စာတန်းပြုစုပေးရတာမို့...
ဆရာ့အတွက်အများကြီး ကူညီပေးနိုင်တဲ့
ကောင်ကလေးပေါ့...)

KimTaeက စိတ်ပါလက်ပါနဲ့စကားပြောနေတဲ့ပုံက... မသိတဲ့လူတွေဆို..အရမ်းသဘောကျရတဲ့
သူနဲ့ တွေ့နေရတာ့အချိန်မျိုးမှာဖြစ်တတ်တဲ့ပုံစံမျိုးလေးပေါ့...(အစကတော့ဆရာ့ကို ရှိန်တိန်
တိန်ဖြစ်ပေမယ့်...ရင်းနှီးသွားတော့လဲ ....)🤗

အချိန်အနည်းငယ်အကြာ...ဆရာလေးတို့
အနားသို့ KimTae တို့အတန်းမှ ကျောင်းသူ၃ယောက်အဖွဲ့လိုက်ရောက်ချလာပြီး

''ဆရာ....ဆရာ မနက်ကရှင်းပြခဲ့တာလေး...
ဒီနားလေးပြန်မေးချင်လို့ နဲနဲလေး လွတ်သွားလို့ပါ ဆရာပြန်ရှင်းပြပေးလို့ရမလာရှင့်''

ဆရာက ရှင်းပြပေးမလို့ပြောမည်အပြုတွင်...
KimTaeက...

''ဒါ....ဆရာ့ နားနေချိန်လေ...မေးချင်ရင်အတန်းထဲရောက်မှမေးပေါ့...''
ဆိုပြီး သူကချည်းဟောက်နေတော့တာပဲ😊

ဆရာကလဲ အလိုက်သင့်...
''မင်းတို့ နားမလည်တာလေးတွေ မှတ်ထားနော်..
ဆရာ အတန်းချိန်ကျ ပြန်ရှင်းပြပေးမယ်..''

''ဟုတ်....ဟုတ်ကဲ့ ဆရာ...''
ကျောင်းသူ၃ယောက် တီတိုးတီတိုးနဲ့ ဆရာတို့အနားမှ ပြန်လှည်ထွက်လာခဲ့လေသည်...

''ပြောပါတယ် ဆရာ့ကိုမကြောက်ရဘူး...
သူ့ပဲကြောက်နေရတယ်...ဟူး.......''

''ဟုတ်ပ...ငါတို့ကိုကြည့်တာ နင်​မြင်လိုက်လား..
ဝါးစားတော့မယ့်အတိုင်းပဲ...''

''အေး ဟုတ်တယ် ဆရာက သူ့အပိုင်ကြနေတာပဲ
ဖြစ်နေလိုက်တာ...🙂''

(ဆရာက Kim Taeအပိုင်ပါ သုံးဘီးမ တို့ရေ..)
......
......

In My Heart 💗Место, где живут истории. Откройте их для себя