129

7.7K 1.3K 67
                                    

{Unicode}

"အလဲအလှယ်"

ရန်ကျားလိတစ်ယောက် နာကျင်စွာ ငိုကြွေးနေခဲ့သည်။

ဤဘဝတွင် သူသည် မြွေနှင့် နာကျင်ရမည်ကို အကြောက်ဆုံးပင်။

ထိုနှစ်က တက္ကသိုလ် အဖွဲ့အစည်း၏ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွင် သွေးစစ်ရမည်ဆိုတိုင်း သူသည် တန်းစီနေသည့် လူများ၏ နောက်ဆုံးတွင် ပုန်းနေရင်း တုန်ရီနေတတ်သည်။ အမှန်တကယ် ပုန်းလို့မရနိုင်တော့ဘူးဆိုမှ သူ့ခေါင်းကို ယဲ့ထင်၏ ရင်ခွင်ထဲ မြှုပ်လိုက်ပြီး အပ်ကို တစ်ချက်လေးတောင် မကြည့်ရဲခဲ့ပေ။

ယခုအချိန်တွင်တော့ ခြေလက်များက ချည်နှောင်လျက်သားနှင့် ကြမ်းပြင်ပေါ် ဖိခံထားရကာ အရိုးအဆစ်များမှာတော့ အဆိုးစွန်ထိ ချိုးလိမ်ခံနေရသည်။

ရန်ကျားလိသည် အော်ငိုချင်သော်လည်း နောက်ဆုံးသော ကျိုးကြောင်း ဆင်ခြင်မှုတရားနှင့် အလျော့မပေးနိုင်မှုတို့က သူ့အား နှုတ်ခမ်းကို သေမတတ် ကိုက်ခဲထားစေခဲ့သည်။ ကိုက်လွန်း၍ နှုတ်ခမ်းပင် သွေးနံ့များ စိမ့်ထွက်လာသော်လည်း ညည်းသံတစ်ချက်မှ မထွက်လာခဲ့ပေ။ နီနီရဲရဲ မျက်လုံးတစ်စုံဖြင့် အရှုံးမပေးဘဲ ဆက်လက် တောင့်ခံနေခဲ့သည်။

သက်တော်စောင့်များသည်ကား ကိုယ်ခံပညာကို လေ့ကျင့်ထားသူများ ဖြစ်ကြပြီး မည်သို့သော နေရာကိုရိုက်လျှင် အနာကျင်ဆုံးလဲဆိုသည်ကို သိနေကြ၍ အကြင်နာကင်းမဲ့စွာနှင့် ရန်ကျားလိကိုယ်ပေါ် အသုံးချနေကြသည်။

ရန်ကျားလိသည် အကြိမ်ပေါင်းများစွာ အော်ဟစ်လာလုနီးပါး ဖြစ်နေသော်လည်း နောက်ဆုံးမှာတော့ သူသေမတတ် တောင့်ခံထားခဲ့စမြဲပင်။

သက်တော်စောင့်၏ လှုပ်ရှားမှု ရပ်သွားသည့် နောက်ဆုံးတွင်မှ ရန်ကျားလိ အသက်ဝဝ ရှူလိုက်သည်။ နဖူးရှေ့မှ ဆံပင်များသည် ချွေးအေးများကြောင့် စိုရွှဲနေသည်။

ယဲ့ဖန်က ငြိမ်သက်စွာနှင့် ကြမ်းပြင်ပေါ်မှ ရန်ကျားလိကို ကြည့်လိုက်ကာ အတော်ကြာမှ နှုတ်ခမ်းက ကွေးတက်သွားပြီး လက်ခုပ်တီးလိုက်သည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now