Part...3

4.9K 503 37
                                    

ဘေးတွင်တစ်ယောက်ယောက်စိုက်
ကြည့်နေသလိုခံစားနေမိသည်ကြောင့်
အတွေးတွေကို လွှင့်စင်စေရန် သူ့လက်
ရာအား မိန်ရေယှက်ရေစားနေသော
သူ့ အမျိုးသား ရိပေါ် ဆီကိုသာ အာရုံအပြည့် အဝဆိုက်ထားလိုက်သည်။
စားသောက်ပြီးသော ပန်းကန်တွေအား လက်ထပ်ခဲ့သည့်နေ့ကတိုင် ယနေ့အထိ
ရိပေါ်မှာ တာဝန် တစ်ခုလိုဆေးကြော
ပေးလေသည်။ ရိပေါ်ဆေးပြီးသား
ပန်းကန်များအား ရှောင်းကျန့် က
ရေခြောင်အောင်သုတ်ပြီး သူ့နေရာနှင့်
သူမှောက်နေတုန်း တစ်ခုခုကို သတိရ
သွားဖြင့် ရိပေါ်မှာ အဆက်အဆက်
မရှိထပြောလေသည်။

"ဒီနေ့ ကျူးရန် နဲ့တောင်တွေ့သေးတယ်"

" ကျူးရန်...ဘယ်သူလဲ "

ရှောင်းကျန့်ကတော့ ရိပေါ်ပြောသည့်
နာမည်အား ရေရွတ်ရင်း အမှတ်တမဲ့
နှင့် စဥ်းစား၍မရတာကြောင့် ပြန်မေး
လိုက်သည်။

"ဟိုတစ်ခါ ပန်းချီပြခန်းအသစ်ဖွင့်လို့
ကိုယ်တို့ သွားကြည့်ကြတာလေ
ကိုယ်တို့​ကိုတောင် ပန်းချီကားချပ်
တစ်ချပ် လက်ဆောင်ပေးမယ်လို့
ပြောတဲ့ ပြခန်းမှုး ကျူးရန်လေ"

"အာ...သိပြီ သိပြီ "

"အခုမှသိနေ တခြားသိချင်တဲ့အရာဆို
စက္ကန့်မကူးဘူး ရှောင်ရှောင်းကျန့် တို့က"

"မင်းနော် ဘာဖြစ်လဲ ငါလည်းချက်ခြင်း
ဆိုတော့ ဘယ်သတိထားမိမလဲ "

မျက်စောင်းခဲကာပြောနေသူကို ရိပေါ်
အသီးစိပ်လေးတစ်ခုခွံကျွေးခြင်းဖြင့်
ကျေအေးမှုယူလိုက်ပြီး စကားဆက်သည်။

"အဲ့ဒီနေ့ကပဲ ကိုယ်နဲ့ရန်ဖြစ်ခဲ့တဲ့လူလေ
ရှောင်း အနားကပ်နေတဲ့ ပိုင်ရီဟုန်းလေ"

ရိပေါ်၏စကားကြောင့်ရှောင်းကျန့်
က နှုတ်ခမ်းကိုဆတ်ခနဲတွန့်ပစ်သည်။

"သိပါ့ မျက်မှန်နဲ့လူလေ သူက အဲ့ဒီ
ပြခန်းပိုင်ရှင်ဆိုလား "

"ဟုတ်တယ် ပိုင်ရိဟုန်း က ပြခန်းပိုင်ရှင်
ကျူးရန်ကပြခန်းမှူး"

သိပြီးသားတွေလာပြောနေတဲ့ရိပေါ်ကြောင့် ခေါင်းသာတစ်ချက်ငြိမ့်ပြပြီး
သူ့ ရှေ့က လိမ္မော်သီးစိတ်လေးကို
ကောက်ဝါးလိုက်တယ်။

OBSESSION ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now