Epi 27

8.1K 646 2
                                    

Club တစ်ခု၏ VIP room ထဲတွင် အရက်ခွက်ကိုကိုင်လျက် ဟန်ပါပါထိုင်ကာ မျက်ခုံးတန်းတွန့်ချိုးနေပုံက တစ်ခုခုကိုလေးလေးနက်နက်တွေးတောနေဟန် ကောင်လေးတစ်ယောက် ။ သူ၏ဘေးတွင် ရွှေဝါရောင်ဆံပင်အခွေအလိပ်ကြီးတွေကိုဖားလျားချကာ မထူမပါးမိတ်ကပ်သားနှင့် မျက်လုံးမှာeye liner ဆိုးထားပြီး၊ ရဲနေအောင်ဆိုးထားသောနှုတ်ခမ်းတစ်စုံ ။ ပေါင်လယ်လောက်သာရှိသောကိုယ်ကျပ်ဂါဝန်အနီရောင်တောက်တောက်ကိုဝတ်ဆင်ထားပြီး ရှိုက်ဖိုကြီးငယ်အသွယ်သွယ်ကိုဖော်ပြလျက် လှပသောကောက်ကြောင်းမှာအထင်းသားဖြင့် ပုရိသတို့စွဲမက်ဖွယ်ရာ ။

သူ့နာမည်က ဟန်နီချို ။ မျိုးရိုးမြင့်ထဲကဖြစ်ပြီး ထက်မြတ်နဲ့ နားလည်မှုယူကာ တွဲနေကြခြင်း ။ တစ်ယောက်ရဲ့လိုအပ်ချက်ကိုတစ်ယောက်ကဖြည့်ဆည်းပေးတတ်ကြသည် ။ တစ်နည်းအားဖြင့် Sex partner သက်သက်သာ ။

ရောက်ကတည်းကတိတ်ဆိတ်နေတဲ့ထက်မြတ်ကိုဟန်နီမေးလိုက်သည် ။

" စိတ်ညစ်စရာရှိနေလား ကို "

" နည်းနည်း "

" ဟန်နီ့ကိုပြောပြလေ တစ်ယောက်ထဲအဖြေထုတ်မရမယ့်အတူတူ နှစ်ယောက်ပေါင်းပြီးအဖြေရှာလိုက်ရင် အဆင်ပြေသွားမှာပါ "

ဟန်နီ့စကားကြောင့်ထက်မြတ်တွေဝေသွားသည် ။ ဒီလိုကိစ္စမျိုးက ပြောပြလို့ရောသင့်ပါရဲ့လား ။ ဟန်နီကရော သဘောထားကြီးကြီးနဲ့ ဒီလိုကိစ္စအထိကို ကူညီနိုင်ပါ့မလား ။ လား ပေါင်းများစွားသော အမေးစကားတွေရဲ့နောက်မှာ ဆုံးဖြတ်ချက်တစ်ခုကိုအခိုင်အမာချကာ ဟန့်နီ့ဆီကအကူညီယူဖို့ဆုံးဖြတ်လိုက်သည် ။

" ကိုယ်ကောင်မလေးတစ်ယောက်ကိုချစ်မိနေပြီ ဒါပေမယ့် ကိုယ့်အရင်သူ့ကိုဖွင့်ပြောထားတဲ့သူရှိတယ် မိန်းမချောကလဲ အဲ့ကောင်ဘက်ကိုသိသိသာသာပါနေတယ်ကွာ ပိုဆိုးတာက အဲ့ကောင်ကကိုယ်နဲ့ကျောင်းတော်ကတည်းကပြိုင်ဘက်တွေပေါ့ သူကအမြဲကိုယ့်ထက်သာနေတယ် ခုလဲသူနဲ့ယှဥ်ပြီးကိုယ်ထပ်ရှုံးရအုံးမယ်ထင်တယ် ကိုယ်မရှုံးချင်တော့ဘူးဟန်နီ တခါလောက်တော့ ကိုယ်အနိုင်လိုချင်မိတယ် "

{Edit}မြတ်နိုးခြင်းများအားဆောင်ကျဥ်းခဲ့ပါသော သူ၏... ( COMPLETED )Where stories live. Discover now